ေျမာက္ကိုရီးယားဆီ တ႐ုတ္သံတမန္ ေစလႊတ္မႈကို ႀကီးမားတဲ့ ေျခလွမ္းလို႔ ထရမ့္ ေျပာ

0
443

 

တ႐ုတ္အစိုးရက ေျမာက္ကိုရီးယား သံတမန္ ေစလႊတ္လိုက္မႈဟာ “ႀကီးမားတဲ့ ေျခလွမ္း” ျဖစ္တယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျပာဆိုလိုက္ပါတယ္။

ကိုရီးယားကြ်န္းဆြယ္မွာ ႏ်ဴကလီးယား တင္းမာမႈ ေျဖရွင္းေရး တိုးတက္မႈ တစ္ခုျဖစ္တယ္လို႔ သမၼတ ထရမ့္က မေန႔က ႏိုဝင္ဘာ ၁၆ မွာ တြစ္တာကေနတစ္ဆင့္ ေရးသားခဲ့ပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီရဲ႕ ႏိုင္ငံတကာ ဆက္ဆံေရးဌာန အႀကီးအကဲ မစၥတာ ဆန္ေတာင္ကို ကိုယ္စားလွယ္အျဖစ္ ေျမာက္ကိုရီးယားဆီ ဒီေန႔ ႏိုဝင္ဘာ ၁၇ ရက္ေန႔မွာ ေစလႊတ္လိုက္တာ ျဖစ္ပါတယ္။ ဒီႏွစ္အတြင္း ေျမာက္ကိုရီးယားကို ပထမဆံုး အဆင့္ျမင့္အရာရွိတစ္ဦး ေစလႊတ္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားဆီ တရုတ်သံတမန် စေလွှတ်မှုကို ကြီးမားတဲ့ ခြေလှမ်းလို့ ထရမ့် ပြော

တရုတ်အစိုးရက မြောက်ကိုရီးယား သံတမန် စေလွှတ်လိုက်မှုဟာ “ကြီးမားတဲ့ ခြေလှမ်း” ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောဆိုလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား တင်းမာမှု ဖြေရှင်းရေး တိုးတက်မှု တစ်ခုဖြစ်တယ်လို့ သမ္မတ ထရမ့်က မနေ့က နိုဝင်ဘာ ၁၆ မှာ တွစ်တာကနေတစ်ဆင့် ရေးသားခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ မစ္စတာ ဆန်တောင်ကို ကိုယ်စားလှယ်အဖြစ် မြောက်ကိုရီးယားဆီ ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း မြောက်ကိုရီးယားကို ပထမဆုံး အဆင့်မြင့်အရာရှိတစ်ဦး စေလွှတ်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)