ယီမင္ အဓိက ဆိပ္ကမ္းနဲ႔ ေလဆိပ္ေတြ ျပန္ဖြင့္ေပးဖို႔ ဂူတာရက္စ္ ေတာင္းဆို

0
395

ယီမင္ႏိုင္ငံကို ေရေၾကာင္း၊ ေလေၾကာင္းေတြ ျဖတ္ေတာက္ထားရာမွာ အငတ္ေဘး ဆိုက္ေနၿပီျဖစ္လို႔ လူသားခ်င္း စာနာေထာက္ထားတဲ့ အကူအညီေတြ ေပးပို႔ႏိုင္ေရး အဓိက ဆိပ္ကမ္းနဲ႔ ေလဆိပ္ေတြကို ျပန္ဖြင့္ေပးဖို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ေတာင္းဆိုလိုက္ပါတယ္။

ယီမင္မွာ ဟူသီသူပုန္ေတြက ေဒသတခ်ိဳ႕ကို ထိန္းခ်ဳပ္ထားလို႔ ေဆာ္ဒီ ဦးေဆာင္တဲ့ မဟာအဖြဲ႔က ပိတ္ဆို႔ထားတာ ျဖစ္ၿပီ ယီမင္ အဓိက ဆိပ္ကမ္းေတြျဖစ္တဲ့ ပင္လယ္နီရွိ ဟူေဒဒါ ဆိပ္ကမ္း၊ ဆန္နာအာ ေလဆိပ္တို႔ကို ျပန္ဖြင့္ ေပးဖို႔ ဂူတာရက္စ္က ေတာင္းဆိုတာ ျဖစ္ပါတယ္။

မစၥတာ ဂူတာရက္စ္က ကုလသမဂၢဆိုင္ရာ ေဆာ္ဒီ သံအမတ္ဆီ ေပးပို႔တဲ့ စာမွာ ႏိုဝင္ဘာ ၆ ရက္ေန႔ကတည္းက ေဆာ္ဒီဦးေဆာင္တဲ့ မဟာမိတ္ေတြရဲ႕ ပိတ္ဆို႔မႈဟာ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးမႈကို အဟန္႔အတား ျဖစ္ေစတယ္လို႔ ေဖာ္ျပထားပါတယ္။ အာဒင္ ဆိပ္ကမ္းကို ျပန္ဖြင့္ေပးခဲ့ေပမယ့္ ယီမင္ႏိုင္ငံသား ၂၈ သန္း အတြက္ လိုအပ္တဲ့ အကူအညီေတြ ေပးဖို႔ မလံုေလာက္ဘူးလို႔ မစၥတာ ဂူတာရက္စ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယီမင် အဓိက ဆိပ်ကမ်းနဲ့ လေဆိပ်တွေ ပြန်ဖွင့်ပေးဖို့ ဂူတာရက်စ် တောင်းဆို

ယီမင်နိုင်ငံကို ရေကြောင်း၊ လေကြောင်းတွေ ဖြတ်တောက်ထားရာမှာ အငတ်ဘေး ဆိုက်နေပြီဖြစ်လို့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးပို့နိုင်ရေး အဓိက ဆိပ်ကမ်းနဲ့ လေဆိပ်တွေကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။

ယီမင်မှာ ဟူသီသူပုန်တွေက ဒေသတချို့ကို ထိန်းချုပ်ထားလို့ ဆော်ဒီ ဦးဆောင်တဲ့ မဟာအဖွဲ့က ပိတ်ဆို့ထားတာ ဖြစ်ပြီ ယီမင် အဓိက ဆိပ်ကမ်းတွေဖြစ်တဲ့ ပင်လယ်နီရှိ ဟူဒေဒါ ဆိပ်ကမ်း၊ ဆန်နာအာ လေဆိပ်တို့ကို ပြန်ဖွင့် ပေးဖို့ ဂူတာရက်စ်က တောင်းဆိုတာ ဖြစ်ပါတယ်။

မစ္စတာ ဂူတာရက်စ်က ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီ သံအမတ်ဆီ ပေးပို့တဲ့ စာမှာ နိုဝင်ဘာ ၆ ရက်နေ့ကတည်းက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ ပိတ်ဆို့မှုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုကို အဟန့်အတား ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ အာဒင် ဆိပ်ကမ်းကို ပြန်ဖွင့်ပေးခဲ့ပေမယ့် ယီမင်နိုင်ငံသား ၂၈ သန်း အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ မလုံလောက်ဘူးလို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)