ဇင္ဘာေဘြ ယာယီ သမၼတ ဆိုတဲ့ အေကာင့္ကို တြစ္တာ ဆိုင္းငံ့

0
447

တြစ္တာ လူမႈကြန္ရက္မွာ ဇင္ဘာေဘြ ယာယီ သမၼတ ဆိုၿပီး ဖြင့္လာတဲ့ အေကာင့္ကို တြစ္တာက ဆိုင္ငံ့ထားလိုက္ပါတယ္။

ဒု သမၼတအျဖစ္ကေန ျဖဳတ္ခ်ခံရတဲ့ အင္မာဆန္ မနန္ဂါဂဝါရဲ႕ အေကာင္းသစ္ျဖစ္တဲ့ @presmnangagwa ကို တြစ္တာက ဆိုင္းငံ့ထားလိုက္တာ ျဖစ္ပါတယ္။ ဇင္ဘာေဘြ စစ္တပ္က သမၼတ ေရာဘတ္မႈဂါဘီကို အက်ယ္ခ်ဳပ္ဖမ္းဆီးထားလိုက္ခ်ိန္မွာ မနန္ဂါဂဝါက အေကာင့္ကုိ Update လုပ္လိုက္တာ ျဖစ္ပါတယ္။

စစ္တပ္က အာဏာသိမ္းတာ မဟုတ္ဘူးလို႔ ျငင္းဆိုေနခ်ိန္မွာ တြစ္တာအေကာင့္သစ္က ဇင္ဘာေဘြ ႏိုင္ငံသားေတြအတြက္ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။ ဇင္ဘာေဘြ ယာယီ သမၼတ အေကာင့္ကို မေန႔က ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာ ဆိုင္းငံ့လိုက္တာ ျဖစ္ၿပီး spam ဒါမွမဟုတ္ တလြဲသံုးတာ ျဖစ္ႏိုင္လို႔ ဆိုင္းငံ့တာလို႔ တြစ္တာက ေျပာပါတယ္။
…………………. ။ ။ ………………….

ဇင်ဘာဘွေ ယာယီ သမ္မတ ဆိုတဲ့ အကောင့်ကို တွစ်တာ ဆိုင်းငံ့

တွစ်တာ လူမှုကွန်ရက်မှာ ဇင်ဘာဘွေ ယာယီ သမ္မတ ဆိုပြီး ဖွင့်လာတဲ့ အကောင့်ကို တွစ်တာက ဆိုင်ငံ့ထားလိုက်ပါတယ်။

ဒု သမ္မတအဖြစ်ကနေ ဖြုတ်ချခံရတဲ့ အင်မာဆန် မနန်ဂါဂဝါရဲ့ အကောင်းသစ်ဖြစ်တဲ့ @presmnangagwa ကို တွစ်တာက ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။ ဇင်ဘာဘွေ စစ်တပ်က သမ္မတ ရောဘတ်မှုဂါဘီကို အကျယ်ချုပ်ဖမ်းဆီးထားလိုက်ချိန်မှာ မနန်ဂါဂဝါက အကောင့်ကို Update လုပ်လိုက်တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုနေချိန်မှာ တွစ်တာအကောင့်သစ်က ဇင်ဘာဘွေ နိုင်ငံသားတွေအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဇင်ဘာဘွေ ယာယီ သမ္မတ အကောင့်ကို မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဆိုင်းငံ့လိုက်တာ ဖြစ်ပြီး spam ဒါမှမဟုတ် တလွဲသုံးတာ ဖြစ်နိုင်လို့ ဆိုင်းငံ့တာလို့ တွစ်တာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)