
0
889




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရေအောက် သင်္ဘော သင်္ချိုင်းကို အန္တရာယ်များတဲ့ ပင်လယ်ထဲမှာ ရှာတွေ့

အိုးတွေနဲ့ ထည့်ထားတဲ့ကုန်တွေ တင်ဆောင်ထားတဲ့ ရှေးဟောင်း ရွက်လှေပျက် သုံးစီးနဲ့ ခေတ်နှောင်းပိုင်း သင်္ဘောပျက် နှစ်စီးတို့ ရှိနေတဲ့ ရေအောက် သင်္ဘော သင်္ချိုင်းကို အလွန်အန္တရာယ်များတဲ့ အေဂျီယန် ပင်လယ် အရှေ့ပိုင်းမှာ ဂရိနဲ့ အမေရိကန် ရေကြောင်း ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

စိတ်လှုပ်ရှားမှုကို ဖော်မပြနိုင်ကြောင်း၊ သမိုင်းစာအုပ်တွေကို ပြောင်းလဲပစ်နိုင်တဲ့ အရာတွေကို တွေ့ရှိခဲ့ပြီဆိုတာ ကျွန်တော်တို့ သိလိုက်ကြောင်း ရေအောက် ရှေးဟောင်းသုတေသန ပညာရှင် ဒေါက်တာ မီတာ ကမ်းဘဲလ်က ပြောပါတယ်။

ရှာဖွေတွေ့ရှိမှုတွေထဲမှာ သက်တမ်း ၁၉၀ဝ ရှိတဲ့ မီးအိမ် အပါအဝင် အလွန်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ရေအောက် သင်္ဘော သင်္ချိုင်းဟာ တရားမဝင် ရှေးဟောင်းပစ္စည်း ရှာဖွေသူတွေရဲ့ လက်ချက်၊ ငါးဖမ်းပိုက်တွေရဲ့ လက်ချက်ကြောင့် ပျက်စီးနေတာလည်း တွေ့ရှိခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)