ပါကစၥတန္မွာ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္ သတ္ျဖတ္သူ ႀကိဳးေပးခံရ

0
176

ပါကစၥတန္ႏိုင္ငံမွာ အသက္ ၇ ႏွစ္အရြယ္ မိန္းကေလးကို အဓမၼျပဳက်င့္ သတ္ျဖတ္တဲ့ ရာဇဝတ္သားကို လာဟိုးၿမိဳ႕ရွိ ကြတ္ လက္ပတ္ အက်ဥ္းေထာင္မွာ ဒီေန႔ ေအာက္တိုဘာလ ၁၇ ရက္ေန႔ မနက္က ႀကိဳးေပး ကြပ္မ်က္လိုက္ပါတယ္။

ရာဇဝတ္သား အီမရန္ အလီကို အသတ္ခံရသူရဲ႕ ဖခင္ေရွ႕ေမွာက္မွာပဲ ႀကိဳးေပးကြပ္မ်က္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ဖမ္းဆီးရမိခဲ့တဲ့ အီမရန္ အလီဟာ အသက္ ၇ ႏွစ္အရြယ္ မိန္းကေလး အပါအဝင္ မိန္းကေလး ကိုးဦးကို အဓမၼျပဳက်င့္ခဲ့ေၾကာင္း ျပစ္မႈ ထင္ရွားၿပီးေနာက္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး တရား႐ံုးက ေသဒဏ္ ၂၁ ႀကိမ္၊ တစ္သက္တစ္ကြ်န္း သံုးႀကိမ္၊ ေထာင္ဒဏ္ ၂၃ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

အသက္ ၇ ႏွစ္အရြယ္ မိန္းကေလး အဓမၼျပဳက်င့္ သတ္ျဖတ္ခံရမႈဟာ ပါကစၥတန္ ႏိုင္ငံတဝန္းက လူေတြကို ေဒါသထြက္ေစခဲ့ပါတယ္။ ပါကစၥတန္ ဗဟိုတရား႐ံုးက ပူးတြဲ စံုစမ္းေဖာ္ထုတ္ေရးအဖြဲ႔ကို အခ်ိန္ သံုးရက္သာ သတ္မွတ္ေပးၿပီးေနာက္ အီမရန္ အလီကို ဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန်မှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်သူ ကြိုးပေးခံရ

ပါကစ္စတန်နိုင်ငံမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်တဲ့ ရာဇဝတ်သားကို လာဟိုးမြို့ရှိ ကွတ် လက်ပတ် အကျဉ်းထောင်မှာ ဒီနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်က ကြိုးပေး ကွပ်မျက်လိုက်ပါတယ်။

ရာဇဝတ်သား အီမရန် အလီကို အသတ်ခံရသူရဲ့ ဖခင်ရှေ့မှောက်မှာပဲ ကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖမ်းဆီးရမိခဲ့တဲ့ အီမရန် အလီဟာ အသက် ၇ နှစ်အရွယ် မိန်းကလေး အပါအဝင် မိန်းကလေး ကိုးဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ပြစ်မှု ထင်ရှားပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးက သေဒဏ် ၂၁ ကြိမ်၊ တစ်သက်တစ်ကျွန်း သုံးကြိမ်၊ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဟာ ပါကစ္စတန် နိုင်ငံတဝန်းက လူတွေကို ဒေါသထွက်စေခဲ့ပါတယ်။ ပါကစ္စတန် ဗဟိုတရားရုံးက ပူးတွဲ စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို အချိန် သုံးရက်သာ သတ်မှတ်ပေးပြီးနောက် အီမရန် အလီကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)