
0
195




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယီမင် ၄၀ဝ ကို ဒုက္ခသည်အဖြစ် တောင်ကိုရီးယား အသိအမှတ် မပြု

တောင်ကိုရီးယားပိုင် ဂျေဂျူကျွန်းကို ရောက်ရှိနေတဲ့ ယီမင်နိုင်ငံသား ၄၀ဝ ခန့်ကို တောင်ကိုရီးယားက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ ဒီနေ့ အောက်တိုဘာ ၁၇ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

သီးခြား တိုင်းရင်းသားလူမျိုးစုမရှိတဲ့ တောင်ကိုရီးယားနိုင်ငံဟာ လျှောက်ထားသူ အနည်းငယ်ကိုသာ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ ဂျေဂျူကျွန်းကို ဗီဇာမလိုဘဲ လာရောက်ခွင့် ပြုထားတာကို အခွင့်ကောင်းယူပြီ အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ နိုင်ငံတွေက လူ ၅၀ဝ ဟာ နေရပ်မပြန်တော့ဘဲ ဒုက္ခသည်အဖြစ် လျှောက်ထားကြတာ ဖြစ်ပါတယ်။

အဲဒီလို အလုံးအရင်း ဝင်ရောက်မှုကြောင့် တောင်ကိုရီးယားမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဆန့်ကျင်မှု ရှိလာပါတယ်။ သဘောထား ကောက်ခံမှုတွေအရ ဆန္ဒမဲပေးသူ ထက်ဝက်က ယီမင်တွေကို ဒုက္ခသည်အဖြစ် လက်မခံလိုကြပါဘူး။ ဒုက္ခသည်ခံလိုတဲ့ သူတွေအပြင် ဂျေဂျူကျွန်းမှာ နိုင်ငံခြားသား ၄ ရာခိုင်နှုန်း ရှိပြီး တရုတ်နဲ့ အရှေ့တောင် အာရှ နိုင်ငံသားတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)