ေျမထဲပင္လယ္ျမစ္ဝွမ္း ေရမ်က္ႏွာျပင္ ျမင့္တက္မႈ ေရွးေဟာင္းအေမြအႏွစ္ ေနရာေတြကို ၿခိမ္းေျခာက္

0
200

ေျမထဲပင္လယ္ ျမစ္ဝွမ္းမွာ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာမႈက ယူနက္စကို ကမာၻ႔ အေမြအႏွစ္ေနရာေတြ ျဖစ္တဲ့ ဗင္းနစ္ၿမိဳ႕နဲ႔ ပီဆာေမွ်ာ္စင္ကေန ေျမထဲပင္လယ္ၿမိဳ႕ ျဖစ္တဲ့ ႐ိုဒက္စ္အထိ အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနၿပီလို႔ သုေတသီေတြက သတိေပးလိုက္ပါတယ္။

ဗင္းနစ္နဲ႔ ေရျပင္၊ အကြီလီယာရွိ ပက္ထရီယာရွယ္ ဘာဆီလီကာ ဘုရားေက်ာင္း၊ ဖာရီရာ ၿမိဳ႕ေဟာင္းနဲ႔ ပိုျမစ္ဝွမ္းတို႔ဟာ အမ်ားဆံုးထိခိုက္ႏိုင္တဲ့ အႏၱရာယ္ ရွိေနတယ္လို႔ သုေတသနစာေစာင္တစ္ခုက ေဖာ္ျပပါတယ္။

ဒီေရွးေဟာင္း အေမြအႏွစ္ အားလံုးဟာ အဒရီယာတစ္ ပင္လယ္ ေျမာက္ပိုင္းတစ္ေလွ်ာက္မွာ တည္ရွိေနပါတယ္။ အဒရီယာတစ္ ပင္လယ္ဟာ ေရမ်က္ႏွာျပင္ ျမင့္တက္ေနတာ ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ ကုလသမဂၢက ပညာရွင္ေတြက ဒီရာစုႏွစ္အကုန္မွာ ကမာၻ႔ သမုဒၵရာ ေရမ်က္ႏွာျပင္ဟာ ၇၆ စင္တီမီတာ ျမင့္တက္လာလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က ေလ့လာမႈေတြအရ ေရခဲျပင္ေတြ အရည္ေပ်ာ္တာကလည္း ပင္လယ္ ေရမ်က္ႏွာျပင္ကို ပိုမိုျမင့္တက္ေစေၾကာင္း ေတြ႔ရွိခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြေထဲပင်လယ်မြစ်ဝှမ်း ရေမျက်နှာပြင် မြင့်တက်မှု ရှေးဟောင်းအမွေအနှစ် နေရာတွေကို ခြိမ်းခြောက်

မြေထဲပင်လယ် မြစ်ဝှမ်းမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုက ယူနက်စကို ကမ္ဘာ့ အမွေအနှစ်နေရာတွေ ဖြစ်တဲ့ ဗင်းနစ်မြို့နဲ့ ပီဆာမျှော်စင်ကနေ မြေထဲပင်လယ်မြို့ ဖြစ်တဲ့ ရိုဒက်စ်အထိ အကြီးအကျယ် ခြိမ်းခြောက် နေပြီလို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။

ဗင်းနစ်နဲ့ ရေပြင်၊ အကွီလီယာရှိ ပက်ထရီယာရှယ် ဘာဆီလီကာ ဘုရားကျောင်း၊ ဖာရီရာ မြို့ဟောင်းနဲ့ ပိုမြစ်ဝှမ်းတို့ဟာ အများဆုံးထိခိုက်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သုတေသနစာစောင်တစ်ခုက ဖော်ပြပါတယ်။

ဒီရှေးဟောင်း အမွေအနှစ် အားလုံးဟာ အဒရီယာတစ် ပင်လယ် မြောက်ပိုင်းတစ်လျှောက်မှာ တည်ရှိနေပါတယ်။ အဒရီယာတစ် ပင်လယ်ဟာ ရေမျက်နှာပြင် မြင့်တက်နေတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကုလသမဂ္ဂက ပညာရှင်တွေက ဒီရာစုနှစ်အကုန်မှာ ကမ္ဘာ့ သမုဒ္ဒရာ ရေမျက်နှာပြင်ဟာ ၇၆ စင်တီမီတာ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာမှုတွေအရ ရေခဲပြင်တွေ အရည်ပျော်တာကလည်း ပင်လယ် ရေမျက်နှာပြင်ကို ပိုမိုမြင့်တက်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)