ေဆးေျခာက္ကို တရားဝင္ခြင့္ျပဳတဲ့ ကမာၻ႔အႀကီးဆံုးႏိုင္ငံ ကေနဒါ ျဖစ္လာ

0
210

ကေနဒါႏိုင္ငံဟာ ေဆးေျခာက္ကို တရားဝင္ခြင့္ျပဳတဲ့ ကမာၻ႔အႀကီးဆံုး ႏိုင္ငံျဖစ္လာၿပီး ဒီေန႔ ေအာက္တိုဘာ ၁၇ ရက္အေစာပိုင္းက နယူးေဖာင္လန္ျပည္နယ္မွာ စတင္ေရာင္းခ်ပါတယ္။

ဒါ့အျပင္ ေဆးေျခာက္ ၃၀ ဂရမ္အထက္ လက္ဝယ္ပိုင္ဆိုင္မႈနဲ႔ ျပစ္ဒဏ္က်ခံေနရသူေတြကိုလည္း လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးမယ္လို႔ ကေနဒါအစိုးရက ေျပာပါတယ္။ ကေနဒါႏိုင္ငံဟာ ေဆးေျခာက္ကို ေဆးဝါးအျဖစ္ အသံုးျပဳဖို႔ ၂၀၀၁ ခုႏွစ္ကတည္းက ခြင့္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။

အပန္းေျဖေရးအတြက္ ေဆးေျခာက္ကို တရားဝင္ အသံုးျပဳခြင့္ေပးေရးအတြက္ ဥပေဒေတြ ျပင္ဆင္ေျပာင္းလဲဖို႔ ဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ ထ႐ူးဒို အစိုးရဟာ အခ်ိန္ ႏွစ္ႏွစ္ၾကာ လုပ္ေဆာင္ခဲ့ပါတယ္။ ရည္ရြယ္ခ်က္က ေဆးေျခာက္အေပၚ လူ႔အဖြဲ႔အစည္းရဲ႕ အျမင္သေဘာထား ေျပာင္းလဲမႈ ပိုေကာင္းလာေစဖို႔နဲ႔ ေမွာင္ခိုေစ်းကြက္ ျဖစ္ေနတဲ့ ေဆးေျခာက္ ေရာင္းဝယ္သူေတြ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ လုပ္လာေစဖို႔ ျဖစ္ပါတယ္။

ဥ႐ုေဂြးႏိုင္ငံဟာ ေဆးေျခာက္ကို တရားဝင္ခြင့္ျပဳတဲ့ ပထမဆံုးေသာ ႏိုင္ငံ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံ ကနေဒါ ဖြစ်လာ

ကနေဒါနိုင်ငံဟာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံဖြစ်လာပြီး ဒီနေ့ အောက်တိုဘာ ၁၇ ရက်အစောပိုင်းက နယူးဖောင်လန်ပြည်နယ်မှာ စတင်ရောင်းချပါတယ်။

ဒါ့အပြင် ဆေးခြောက် ၃၀ ဂရမ်အထက် လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ကနေဒါအစိုးရက ပြောပါတယ်။ ကနေဒါနိုင်ငံဟာ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ ၂၀ဝ၁ ခုနှစ်ကတည်းက ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

အပန်းဖြေရေးအတွက် ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ပေးရေးအတွက် ဥပဒေတွေ ပြင်ဆင်ပြောင်းလဲဖို့ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒို အစိုးရဟာ အချိန် နှစ်နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်က ဆေးခြောက်အပေါ် လူ့အဖွဲ့အစည်းရဲ့ အမြင်သဘောထား ပြောင်းလဲမှု ပိုကောင်းလာစေဖို့နဲ့ မှောင်ခိုဈေးကွက် ဖြစ်နေတဲ့ ဆေးခြောက် ရောင်းဝယ်သူတွေ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်လာစေဖို့ ဖြစ်ပါတယ်။

ဥရုဂွေးနိုင်ငံဟာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးသော နိုင်ငံ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)