ပီ႐ူး စားဖိုမွဴးေတြ စုုေပါင္းျပဳလုပ္ခဲ့တဲ့ ေခ်ာကလက္ေတာင့္ ဂင္းနစ္စံခ်ိန္ဝင္

0
370

ပီ႐ူးႏိုင္ငံသား စားဖိုမွဴးအဖြဲ႔တစ္ဖြဲ႔ဟာ ျပီးခဲ့တဲ့ စေနေန႔က အခြံမာသီးနဲ႔ျပဳလုပ္ထားတဲ့ ကမာၻ႔အႀကီးဆံုး  ေခ်ာကလက္ႀကီးကို စုေပါင္းျပဳလုပ္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္ တင္လိုက္ပါတယ္။

ကိုကိုးေစ့ ၇၀ ရာခိုင္ႏႈန္းပါ၀င္တဲ့  အဲ့ဒီေခ်ာကလက္ႀကီးဟာ အရွည္ ၇ မီတာ၊ အက်ယ္ ၃ မီတာ၊ အထူ ၅ စင္တီမီတာရွိၿပီး ၈ နာရီၾကာ စုေပါင္းျပဳလုပ္ကာ ကမာၻ႔ဂင္းနစ္စံခ်ိန္ မွတ္တမ္း၀င္ဖို႔ ႀကိဳးုစားခဲ့ၾကတာပါ။

ဒီေခ်ာကလက္ေတာင့္ႀကီးမွာ အခြံမာသီးေတြျဖစ္တဲ့ သစ္အယ္သီးနဲ႔ သစ္ၾကားသီး ၂၀ ကီလို   ပါ၀င္ကာ ကိုကုိးေစ့ ၉၀၀ ကီလုိဂရမ္ အသံုးျပဳထားပါတယ္။

ဒီေခ်ာကလက္ေတာင့္ကို ျပဳလုပ္ရတဲ့ ကုန္က်စရိတ္အတြက္  အေမရိကန္ေဒၚလာ  ၁ သိန္း နီးပါး ရင္းႏွီးျမွဳပ္ႏွံထားတယ္လုိ႔ မုန္႔လုပ္တဲ့ အဖြဲ႔ရဲ႕ ေခါင္းေဆာင္ စားဖိုမွဴး ဂ်န္ ကာလုိ႔စ္ လိုပက္ဇ္ က ေျပာပါတယ္။

၂၀၁၁ ခုႏွစ္က အရွည္ ၄ မီတာ၊ အက်ယ္ ၄ မီတာ၊ အထူ ၀.၃၅ မီတာနဲ႔ တန္ခ်ိန္ ၅.၇ တန္  ရွိတဲ႔ ကမာၻ႔အႀကီးဆံုး ေခ်ာကလက္ကို  ၿဗိတိန္ႏိုင္ငံမွာ ျပဳလုပ္ခဲ႔ဖူးပါတယ္။

ဒါ့အျပင္ ၂၀၁၆ ခုႏွစ္ကလည္း ၁၄၂ စတုရန္းမီတာရွိတဲ့ ေခ်ာကလက္ကို စလိုေဗးနီးယားႏိုင္ငံမွာ ျပဳလုပ္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပီရူး စားဖိုမှူးတွေ စုပေါင်းပြုလုပ်ခဲ့တဲ့ ချောကလက်တောင့် ဂင်းနစ်စံချိန်ဝင်

ပီရူးနိုင်ငံသား စားဖိုမှူးအဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စနေနေ့က အခွံမာသီးနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ချောကလက်ကြီးကို စုပေါင်းပြုလုပ်ခဲ့ပြီး ဂင်းနစ်စံချိန် တင်လိုက်ပါတယ်။
ကိုကိုးစေ့ ၇၀ ရာခိုင်နှုန်းပါဝင်တဲ့ အဲ့ဒီချောကလက်ကြီးဟာ အရှည် ၇ မီတာ၊ အကျယ် ၃ မီတာ၊ အထူ ၅ စင်တီမီတာရှိပြီး ၈ နာရီကြာ စုပေါင်းပြုလုပ်ကာ ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းဝင်ဖို့ ကြိုးုစားခဲ့ကြတာပါ။

ဒီချောကလက်တောင့်ကြီးမှာ အခွံမာသီးတွေဖြစ်တဲ့ သစ်အယ်သီးနဲ့ သစ်ကြားသီး ၂၀ ကီလို ပါဝင်ကာ ကိုကိုးစေ့ ၉၀ဝ ကီလိုဂရမ် အသုံးပြုထားပါတယ်။

ဒီချောကလက်တောင့်ကို ပြုလုပ်ရတဲ့ ကုန်ကျစရိတ်အတွက် အမေရိကန်ဒေါ်လာ ၁ သိန်း နီးပါး ရင်းနှီးမြှုပ်နှံထားတယ်လို့ မုန့်လုပ်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် စားဖိုမှူး ဂျန် ကာလို့စ် လိုပက်ဇ် က ပြောပါတယ်။

၂၀၁၁ ခုနှစ်က အရှည် ၄ မီတာ၊ အကျယ် ၄ မီတာ၊ အထူ ဝ.၃၅ မီတာနဲ့ တန်ချိန် ၅.၇ တန် ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ချောကလက်ကို ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်ကလည်း ၁၄၂ စတုရန်းမီတာရှိတဲ့ ချောကလက်ကို စလိုဗေးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)