
0
364





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေါ်တူဂီနဲ့ စပိန် နယ်စပ် တောမီးလောင်၊ ၃၅ ဦး သေဆုံး

ပေါ်တူဂီနဲ့ စပိန်နိုင်ငံ နယ်စပ် တောမီးလောင်မှုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးသွားခဲ့ပါတယ်။

တောမီးဟာ အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကာ ၁၅ ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပါတယ်။

တောမီးဟာ စပိန်နိုင်ငံ ဂါလီစီယာဒေသ မြောက်ပိုင်း နယ်စပ်မှာ လောင်ကျွမ်းနေတာဖြစ်ပြီး စပိန်ဒေသခံ ၄ ဦးပါ သေဆုံးပါတယ်။ တောမီးကို မီးသတ်သမား ၅၃၀ဝ၊ မီးသတ်ကား ၁၆၀ဝ နဲ့ ငြိမ်းသတ်နေကြပါတယ်။

ပေါ်တူဂီမှာ ပြီးခဲ့တဲ့ ဇွန်လတုန်းလည်း တောမီးလောင်မှုကြောင့် လူ ၆၄ ဦးအထိ သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)