
0
297





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပြမော်ရင်ဟို စာချုပ်သစ်ချုပ်ဆိုချိန်မှာ လုပ်ခလစာ တိုးတောင်းမယ်

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက စာချုပ်သစ်ချုပ်ဆိုချိန်မှာ လစာတိုးရလိုတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်မှာ မန်ယူအသင်း နည်းပြတာဝန်ကို ယူခဲ့ပြီး နည်းပြအဖြစ် ပထမဆုံး တာဝန်ယူတဲ့နှစ်မှာ မန်ယူအသင်းကို လိဂ် ဖလားနဲ့ ယူရိုပါလိဂ်ဖလား ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ လက်ရှိစာချုပ်ဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ လိုလားနေရာ အဲဒီစာချုပ်သစ်မှာ လုပ်ခလစာ တိုးတောင်းဖို့ ရှိနေပါတယ်။ မော်ရင်ဟိုဟာ တောင်းဆိုထားတဲ့ လစာအတိုင်း ရမယ်ဆိုပါက မန်ယူအသင်းနဲ့ စာချုပ်သစ် လက်မှတ်ရေးထိုးသွားဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)