႐ုရွားက ေျမာက္ကိုရီးယားကို ပိတ္ဆုိ႔မႈခ်မွတ္  

0
268

႐ုရွားႏုိင္ငံက ေျမာက္ကိုရီးယားႏုိင္ငံကို ႏ်ဴကလီးယားနဲ႔ ဒံုးက်ည္စမ္းသပ္မႈေတြေၾကာင့္  ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္ပါတယ္။  

႐ုရွားသမၼတ ပူတင္ရဲ႕ အမိန္႔အရ ေျမာက္ကိုရီးယား ႏုိင္ငံကို ကုိယ္စားျပဳတဲ့ တစ္ဦးခ်င္း ဒါမွမဟုတ္ အဖြဲ႔ေတြနဲ႔ နည္းပညာပိုင္း ေဆာင္ရြက္မႈေတြကို ပိတ္ဆို႔သြားမွာ ျဖစ္ပါတယ္။

ႏ်ဴကလီယား အစီအစဥ္မွာ ပါဝင္ေနတဲ့   ေျမာက္ကိုရီးယား ႏုိင္ငံသား ၁၁ ဦးနဲ႔ အဖြဲ႔အစည္း ၁၀ ခုကို ႐ုရွားက ပိတ္ဆုိ႔မႈလုပ္မွာ ျဖစ္တဲ့အျပင္ ေျမာက္ကိုရီးယား ႏုိင္ငံဆီ  နည္းပညာပိုင္း တင္ပို႔ေနတာကို တားျမစ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ႏ်ဴကလီယားနဲ႔ ဒံုးက်ည္စမ္းသပ္မႈေတြေၾကာင့္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီဟာ ေျမာက္ကိုရီးယားႏုိင္ငံအေပၚ ပိတ္ဆုိ႔မႈခ်မွတ္ဖုိ႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။  ႐ုရွားသမၼတ ပူတင္ရဲ႕အမိန္႔ဟာ ေအာက္တုိဘာ ၁၄ ရက္ေန႔ကစၿပီး အသက္ဝင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားက မြောက်ကိုရီးယားကို ပိတ်ဆို့မှုချမှတ်
ရုရှားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ရုရှားသမ္မတ ပူတင်ရဲ့ အမိန့်အရ မြောက်ကိုရီးယား နိုင်ငံကို ကိုယ်စားပြုတဲ့ တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့တွေနဲ့ နည်းပညာပိုင်း ဆောင်ရွက်မှုတွေကို ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်။ နျူကလီယား အစီအစဉ်မှာ ပါဝင်နေတဲ့ မြောက်ကိုရီးယား နိုင်ငံသား ၁၁ ဦးနဲ့ အဖွဲ့အစည်း ၁၀ ခုကို ရုရှားက ပိတ်ဆို့မှုလုပ်မှာ ဖြစ်တဲ့အပြင် မြောက်ကိုရီးယား နိုင်ငံဆီ နည်းပညာပိုင်း တင်ပို့နေတာကို တားမြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်ရဲ့အမိန့်ဟာ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး အသက်ဝင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)