မကၠဆီကို ေျမာက္ပိုင္း ပစ္ခတ္မႈ ၁၁ ဦးေသ

0
359

မကၠဆီကို ေျမာက္ပိုင္း နယ္စပ္ျပည္နယ္ျဖစ္တဲ့ တာမူလီပတ္စ္မွာ ေသနတ္ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ပြားၿပီး ၁၁ ဦး ေသဆံုးပါတယ္။

တာမူလီပတ္စ္ ျပည္နယ္ထဲက ေရႏိုတာနဲ႔ ရီယို ဘရာဗို ၿမိဳ႕ေတြမွာ ေအာက္တိုဘာ ၁၅ ရက္ေန႔က ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာပါ။ ေသနတ္သမားေတြဟာ ကားေတြကို လုယူၿပီး လမ္းကို ပိတ္ဆို႔ကာ ပစ္ခတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

လိုက္ထရပ္ကားကို အၾကမ္းခံႏိုင္ေအာင္ စတီးျပားေတြ တပ္ဆင္ၿပီး ျပင္ဆင္ထားတဲ့ ကား ၁၃ စီးကိုလည္း ရဲေတြက ရွာေတြ႔ခဲ့ပါတယ္။ အဲဒီကားေတြကို မူးယစ္ေဆးဂိုဏ္းေတြက သံုးတာ ျဖစ္ပါတယ္။ လက္ပစ္ဗံုး ၆ လံုး၊ စႏိုက္ပါ ေသနတ္ေတြ အပါအဝင္ ေသနတ္ သံုးဒါဇင္ကိုလည္း သိမ္းဆည္းရမိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကို မြောက်ပိုင်း ပစ်ခတ်မှု ၁၁ ဦးသေ

မက္ကဆီကို မြောက်ပိုင်း နယ်စပ်ပြည်နယ်ဖြစ်တဲ့ တာမူလီပတ်စ်မှာ သေနတ် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ၁၁ ဦး သေဆုံးပါတယ်။

တာမူလီပတ်စ် ပြည်နယ်ထဲက ရေနိုတာနဲ့ ရီယို ဘရာဗို မြို့တွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ သေနတ်သမားတွေဟာ ကားတွေကို လုယူပြီး လမ်းကို ပိတ်ဆို့ကာ ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လိုက်ထရပ်ကားကို အကြမ်းခံနိုင်အောင် စတီးပြားတွေ တပ်ဆင်ပြီး ပြင်ဆင်ထားတဲ့ ကား ၁၃ စီးကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီကားတွေကို မူးယစ်ဆေးဂိုဏ်းတွေက သုံးတာ ဖြစ်ပါတယ်။ လက်ပစ်ဗုံး ၆ လုံး၊ စနိုက်ပါ သေနတ်တွေ အပါအဝင် သေနတ် သုံးဒါဇင်ကိုလည်း သိမ်းဆည်းရမိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)