ၿဗိတိန္ကို ဟာရီကိန္း အိုေဖလီယာ အဖ်ားခတ္

0
321

အိုင္ယာလန္နဲ႔ ယူေကရဲ႕ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားကို ေအာက္တိုဘာ ၁၆ ရက္ေန႔က ဟာရီကိန္း အိုေဖလီယာ အဖ်ားခတ္သြားခဲ့ပါတယ္။

ေလျပင္းေၾကာင့္ ပ်က္စီးထိခိုက္မႈ ရွိခဲ့ၿပီး အိုင္ယာလန္ကေတာ့ အဆိုးရြားဆံုး ထိခိုက္ပါတယ္။ မုန္တိုင္းဟာ ေဝလျပည္နယ္ အေနာက္ျခမ္း၊ စေကာ့တလန္၊ အဂၤလန္ အေနာက္ပိုင္းနဲ႔ ေျမာက္ပိုင္းေတြကို တိုက္ခတ္ခဲ့တာပါ။

ဝါးတားဖို႔ဒ္ အေနာက္ပိုင္းမွာ ကားေပၚ သစ္ပင္ပိလို႔ အသက္ ၅၀ ဝန္းက်င္ အမ်ိဳးသမီးတစ္ဦး ေသဆံုးပါတယ္။ သူနဲ႔အတူ အေဖာ္ပါတဲ့ အသက္ ၇၀ အရြယ္ အမ်ိဳးသမီးကေတာ့ ေဆး႐ံုတင္ထားရပါတယ္။

ဒန္းေဒါ့ခ္မွာလည္း သစ္ပင္ပိလို႔ အမ်ိဳးသား ကားေမာင္းသမားတစ္ဦး ေသဆံုးပါတယ္။ ေနာက္အမ်ိဳးသားတစ္ဦးကေတာ့ လဲက်တဲ့သစ္ပင္ကို လႊစက္နဲ႔ ျဖတ္ဖို႔ ႀကိဳးစားရင္း မေတာ္တဆျဖစ္ကာ ေသဆံုးခဲ့ပါတယ္။

မုန္တိုင္းေၾကာင့္ အိုင္ယာလန္မွာ အိမ္နဲ႔ ကုမၸဏီ ၃ သိန္း ၆ ေသာင္းေလာက္ လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ပါတယ္။ အိုင္ယာလန္ ေျမာက္ပိုင္းနဲ႔ ေဝလျပည္နယ္ေတြမွာလည္း လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ၿပီး လွ်ပ္စစ္မီး အျပည့္အဝ ျပန္ရဖို႔ကေတာ့ ေနာက္ထပ္ ၁၀ ရက္ေလာက္ ေစာင့္ရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်ကို ဟာရီကိန်း အိုဖေလီယာ အဖျားခတ်

အိုင်ယာလန်နဲ့ ယူကေရဲ့ အစိတ်အပိုင်း တော်တော်များများကို အောက်တိုဘာ ၁၆ ရက်နေ့က ဟာရီကိန်း အိုဖေလီယာ အဖျားခတ်သွားခဲ့ပါတယ်။

လေပြင်းကြောင့် ပျက်စီးထိခိုက်မှု ရှိခဲ့ပြီး အိုင်ယာလန်ကတော့ အဆိုးရွားဆုံး ထိခိုက်ပါတယ်။ မုန်တိုင်းဟာ ဝေလပြည်နယ် အနောက်ခြမ်း၊ စကော့တလန်၊ အင်္ဂလန် အနောက်ပိုင်းနဲ့ မြောက်ပိုင်းတွေကို တိုက်ခတ်ခဲ့တာပါ။

ဝါးတားဖို့ဒ် အနောက်ပိုင်းမှာ ကားပေါ် သစ်ပင်ပိလို့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပါတယ်။ သူနဲ့အတူ အဖော်ပါတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကတော့ ဆေးရုံတင်ထားရပါတယ်။

ဒန်းဒေါ့ခ်မှာလည်း သစ်ပင်ပိလို့ အမျိုးသား ကားမောင်းသမားတစ်ဦး သေဆုံးပါတယ်။ နောက်အမျိုးသားတစ်ဦးကတော့ လဲကျတဲ့သစ်ပင်ကို လွှစက်နဲ့ ဖြတ်ဖို့ ကြိုးစားရင်း မတော်တဆဖြစ်ကာ သေဆုံးခဲ့ပါတယ်။

မုန်တိုင်းကြောင့် အိုင်ယာလန်မှာ အိမ်နဲ့ ကုမ္ပဏီ ၃ သိန်း ၆ သောင်းလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ အိုင်ယာလန် မြောက်ပိုင်းနဲ့ ဝေလပြည်နယ်တွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး လျှပ်စစ်မီး အပြည့်အဝ ပြန်ရဖို့ကတော့ နောက်ထပ် ၁၀ ရက်လောက် စောင့်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)