
0
187




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ ၂၈ ဦး ရှိလာ

ဇင်ဘာဘွေနိုင်ငံမှာ ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် မနေ့က စက်တင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၂၈ ဦး ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အခု ဖြစ်ပွားနေတဲ့ ဝမ်းရောဂါဟာ ဆေးမတိုးတာကြောင့် ပဋိဇီဝဆေးသစ်တွေကို အသုံးပြုနေရတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဝမ်းရောဂါ ဖြစ်ပွားသူ ၃ ထောင် ရှိလာပြီးနောက် အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဝမ်းရောဂါ ဖြစ်ပွားမှု ပထမဆုံး စတင်တာက ဒီလ အစောပိုင်းဖြစ်ပြီး မြို့တော်ဟာရာရီ အပြင်ဘက် မြို့နယ်တစ်ခုမှာ ဖြစ်ပါတယ်။ ရောဂါကို ထိန်းချုပ်နိုင်ပြီလို့ မပြောနိုင်သေးပေမယ့် နိုင်ငံအတွင်း ပြည်နယ်အားလုံးမှာ ကာကွယ်ရေး ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီး အိုဘာဒီယာ မိုယိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)