
0
215




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆာနေးရဲ့ ခြေစွမ်းကို ဘယ်တော့မှ သံသယမရှိကြောင်း နည်းပြ ဂွာဒီယိုလာ ပြော

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ ကွင်းလယ်လူ ဆာနေးရဲ့ ခြေစွမ်းကို ဘယ်တော့မှ သံသယမရှိ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆာနေးဟာ ဖူဟမ်ကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နည်းပြ ဂွာဒီယိုလာက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဆာနေးဟာ အခုရာသီမှာ မန်စီးတီးအတွက် ပထမဆုံး လိဂ်ပွဲစဉ် ပါဝင်ကစားခဲ့ပြီးနောက် ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာက ဆာနေးရဲ့ ခြေစွမ်းကို သံသယမရှိကြောင်း၊ ဆာနေးဟာ ပြီးခဲ့တဲ့ ရာသီကလည်း သူရဲ့ ခြေစွမ်းကို အချိန်များစွာကြာ သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ဆာနေးဟာ လက်ရှိမှာ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း နည်းပြဂွာဒီယိုလာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)