
0
197




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်ကို တိုက်ပြီးနောက် အင်အားပြင်းမုန်တိုင်း တရုတ်ကို ထပ်မံတိုက်ခတ်

အင်အားပြင်း မုန်တိုင်း မန့်ကွတ်ဟာ ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်ပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့က တရုတ်နိုင်ငံ ဂွမ်ဒေါင်း ပြည်နယ်ကို ထပ်မံတိုက်ခိုက်ခတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံကို တစ်နာရီ လေတိုက်နှုန်း ၁၀ဝ ကီလိုမီတာ နှုန်းနဲ့ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဖိလစ်ပိုင် နိုင်ငံကို တိုက်ခိုက်ချိန်က တစ်နာရီ လေတိုက်နှုန်း ၂၀ဝ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ရာ လူပေါင်း ၅၀ ဦး သေဆုံးခဲ့ရပါတယ်။

မန့်ကွတ် မုန်တိုင်းဟာ အခုနှစ်အတွင်း ကမ္ဘာမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံး ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်ပြီးနောက် ဟောင်ကောင်ကို ထပ်မံ တိုက်ခတ်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)