
0
185




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ကုန်ပစ္စည်း ၂၀ဝ ဘီလီယံကို အမေရိကန်အခွန် တိုးကောက်ဖို့ ပြင်ဆင်

အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ ဆွေးနွေးဖို့ ကမ်းလှမ်းထားပေမယ့်လည်း သမ္မတ ထရမ့်ဟာ အမေရိကန်နိုင်ငံထဲကို တင်ပို့တဲ့ တရုတ်ကုန်ပစ္စည်း ၂၀ဝ ဘီလီယံကို အခွန်တိုးကောက်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံထဲကိုတင်ပို့တဲ့ အလက်ထရောနစ်ပစ္စည်းတွေနဲ့ လက်ကိုင်အိတ်လိုမျိုး အခြားပစ္စည်းတွေကို အခွန်တိုးကောက်ဖွယ်ရှိနေပါတယ်။ အခွန်တိုးကောက်မယ့်အစီစဉ်ကို စတင်မယ့်အချိန်ကို မသိသေးဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံမှ တင်ပို့တဲ့ပစ္စည်းတွေထဲမှ အခွန်ကောက်မယ့်ပစ္စည်းတွေကို စာရင်းလုပ်နေပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်ကုန်ပစ္စည်း ၅၀ ဘီလီယံကို အခွန်ကောက်ခဲ့သလို တရုတ်က အမေရိကန် ကောက်ခံတဲ့အတိုင်း တရုတ်နိုင်ငံကိုတင်ပို့တဲ့ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိပစ္စည်းတွေကို အခွန်ကောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)