
0
192




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီဂျစ်သမ္မတဟောင်း သားနှစ်ဦး ဖမ်းဆီးခံရ

အီဂျစ်အာဏာပိုင်တွေဟာ စတော့ဈေးကွက်မတည်ငြိမ်အောင်လုပ်မှုနဲ့ အီဂျစ်သမ္မတဟောင်း မူဘာရက်ရဲ့ သားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ပြောပါတယ်။

အလာနဲ့ ဂါမယ်မူဘာရက်တို့ဟာ ဗဟိုဘဏ်စည်းမျဉ်းတွေနဲ့ စတော့ဈေးကွက် စည်းကမ်းတွေကို ချိုးဖောက်ခဲ့ တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ သမ္မတမူဘာရက် ရာထူးမှဖြုတ်ချခံရပြီးနောက် ၂၀၁၂ ခုနှစ်မှာ သားနှစ်ဦးကို စတော့ဈေးကွက် မတည်ငြိမ်အောင်လုပ်မှုနဲ့ စွဲချက်တင်ခဲ့ပြီးနောက် သုံးနှစ်ကြာအာမခံနဲ့ လွှတ်ပေးခဲ့ပြီးနောက် ပြန်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ အမှားယွင်းမလုပ်ထားကြောင်း ပြောပါတယ်။ အီဂျစ်တရားရုံးဟာ လူသုံးဦးကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ချိန်မှာ မူဘာရက် သားနှစ်ဦးပါဝင်ခဲ့ပြီး သူတို့နှစ်ဦးဟာ အီဂျစ်သုံးပေါင် ၄၉၄ သန်းကို အလွဲသုံးစားဖြစ်အောင် လုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)