မြို့ထဲ လျှောက်ခုန်နေတဲ့ သားပိုက်ကောင်ကို ဖလော်ရီဒါရဲတွေ ဝိုင်းဖမ်း

0
188

နေအိမ်ကနေ လွတ်ပြီး မြို့ထဲမှာ လျှောက်ပြီးခုန်ပေါက်နေတဲ့ သားပိုက်ကောင်ကို ဖလော်ရီဒါ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဂျက်ခ် လို့ခေါ်တဲ့ အဲဒီ သားပိုက်ကောင်ကို ရဲကားတွေနဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ဝိုင်းဖမ်းခဲ့ရတာပါ။

သြစတြေးလျ မျိုးနွယ်အစစ်ဖြစ်တဲ့ အဲဒီ သားပိုက်ကောင် ဂျက်ခ်ဟာ ရဲတွေဖမ်းတာကို အသာတကြည် လက်ခံပြီး ကားနောက်ခန်းထဲ ထည့်ပေးတာကိုလည်း ခုခံခြင်း မပြုပါဘူး။ သူ့ကို မူးယစ်ဆေးရောင်းသူ၊ တခြား ရာဇဝတ်သားတွေနဲ့ အချုပ်ထဲမှာ ရောမထားဘဲ အကောင်းဆုံးနေရာမှာ ထားပါတယ်။

ဂျက်ခ်ဟာ ရာဇဝတ်မှု မကျူးလွန်လို့ အချုပ်ထဲ ထည့်မထားဖို့ လူမှုမီဒီယာတွေမှာ လူတွေက တောင်းဆိုခဲ့ကြပါတယ်။

မြို့ထဲမှာ သားပိုက်ကောင် လျှောက်ခုန်နေတယ်လို့ ဖုန်းဆက်အကြောင်းကြားကြကြောင်း၊ ရဲကားတွေ သွားရောက်ပြီး ဖမ်းဆီးကာ ရဲစခန်းကို ခေါ်လာကြောင်း၊ အခု လုံခြုံနေပြီး ဖလော်ရီဒါ ငါးနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကော်မရှင်က စုံစမ်းစစ်ဆေးနေကြောင်း ပို့လော်ဒါဒေးရဲတပ်ဖွဲ့က ရဲတပ်ကြပ် ဒီအန်နာ ဂရင်းလောက ပြောပါတယ်။

၂ နှစ်သားအရွယ် သားပိုက်ကောင်ကို အဲဒီ ကော်မရှင်ထံ လွှဲပေးမှာ ဖြစ်ပါတယ်။ ဂျက်ခ်ရဲ့ ပိုင်ရှင်ကတော့ အန်တိုနီ မာစီးယပ်စ် ဖြစ်ပြီး မွေးတာ လေးလသာ ရှိပါသေးတယ်။ မာစီးယပ်စ်ဟာ ဂျက်ခ်ကို ပြန်ရဖွယ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပို့လော်ဒါဒေး ဧရိယာဟာ သားပိုက်ကောင် မွေးမြူခွင့် မရှိတဲ့အတွက်ပါ။

မဈစတာ မာစီးယပဈြကတော့ ကောမြရှငထြံ ဂကွခြကြို ပှနရြဖို့နဲ့ မှေးခှင့လြိုငစြငရြဖို့ တောငြးဆိုမယလြို့ ပှောပါတယြ။

___________________

___________________

မွို့ထဲ လြှောကျခုနျနတေဲ့ သားပိုကျကောငျကို ဖလောျရီဒါရဲတှေ ဝိုငျးဖမျး

နေအိမ်ကနေ လွတ်ပြီး မြို့ထဲမှာ လျှောက်ပြီးခုန်ပေါက်နေတဲ့ သားပိုက်ကောင်ကို ဖလော်ရီဒါ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဂျက်ခ် လို့ခေါ်တဲ့ အဲဒီ သားပိုက်ကောင်ကို ရဲကားတွေနဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ဝိုင်းဖမ်းခဲ့ရတာပါ။

သြစတြေးလျ မျိုးနွယ်အစစ်ဖြစ်တဲ့ အဲဒီ သားပိုက်ကောင် ဂျက်ခ်ဟာ ရဲတွေဖမ်းတာကို အသာတကြည် လက်ခံပြီး ကားနောက်ခန်းထဲ ထည့်ပေးတာကိုလည်း ခုခံခြင်း မပြုပါဘူး။ သူ့ကို မူးယစ်ဆေးရောင်းသူ၊ တခြား ရာဇဝတ်သားတွေနဲ့ အချုပ်ထဲမှာ ရောမထားဘဲ အကောင်းဆုံးနေရာမှာ ထားပါတယ်။

ဂျက်ခ်ဟာ ရာဇဝတ်မှု မကျူးလွန်လို့ အချုပ်ထဲ ထည့်မထားဖို့ လူမှုမီဒီယာတွေမှာ လူတွေက တောင်းဆိုခဲ့ကြပါတယ်။

မြို့ထဲမှာ သားပိုက်ကောင် လျှောက်ခုန်နေတယ်လို့ ဖုန်းဆက်အကြောင်းကြားကြကြောင်း၊ ရဲကားတွေ သွားရောက်ပြီး ဖမ်းဆီးကာ ရဲစခန်းကို ခေါ်လာကြောင်း၊ အခု လုံခြုံနေပြီး ဖလော်ရီဒါ ငါးနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကော်မရှင်က စုံစမ်းစစ်ဆေးနေကြောင်း ပို့လော်ဒါဒေးရဲတပ်ဖွဲ့က ရဲတပ်ကြပ် ဒီအန်နာ ဂရင်းလောက ပြောပါတယ်။

၂ နှစ်သားအရွယ် သားပိုက်ကောင်ကို အဲဒီ ကော်မရှင်ထံ လွှဲပေးမှာ ဖြစ်ပါတယ်။ ဂျက်ခ်ရဲ့ ပိုင်ရှင်ကတော့ အန်တိုနီ မာစီးယပ်စ် ဖြစ်ပြီး မွေးတာ လေးလသာ ရှိပါသေးတယ်။ မာစီးယပ်စ်ဟာ ဂျက်ခ်ကို ပြန်ရဖွယ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပို့လော်ဒါဒေး ဧရိယာဟာ သားပိုက်ကောင် မွေးမြူခွင့် မရှိတဲ့အတွက်ပါ။ မစ္စတာ မာစီးယပ်စ်ကတော့ ကော်မရှင်ထံ ဂျက်ခ်ကို ပြန်ရဖို့နဲ့ မွေးခွင့်လိုင်စင်ရဖို့ တောင်းဆိုမယ်လို့ ပြောပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)