စပိန်မှာ မြွေပါတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့ ကောင်ရေ ၁ သိန်းခန့် သုတ်သင်

0
118

စပိန်နိုင်ငံ အရှေ့ပိုင်းရှိ မွေးမြူရေးခြံတစ်ခြံမှာ မြွေပါတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိရလို့ ကောင်ရေ ၁ သိန်းခန့် သုတ်သင်မှာ ဖြစ်ပါတယ်။

မြွေပါ မွေးမြူရေးခြံဟာ မက်ဒရစ်မြို့ အရှေ့ကနေ ၁၂၅ မိုင်အကွာ အာရာဂွန် ဒေသရှိ လာပူဘလာ ဒီ ဗယ်လ်ဗာဒီရွာမှာ တည်ရှိပြီး မွေးမြူရေးခြံက အလုပ်သမားတစ်ဦးရဲ့ ဇနီးဟာ မေလက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အာဏာပိုင်တွေက စောင့်ကြည့်နေတာပါ။

အဲဒီ မွေးမြူရေးခြံက လုပ်သား ခုနစ်ဦးမှာ COVID-19 ရောဂါ ကူးစက်နေကြောင်း တွေ့ရှိရတယ်လို့ အာရာဂွန် စိုက်ပျိုးရေးဌာန အကြီးအကဲ ယိုဟာကင် အိုလိုနာက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။ လူတွေကို ထပ်မံကူးစက်မှာ စိုးတဲ့အတွက် မြွေပါ ၉၃၀၀၀ ကို သုတ်သင်ပစ်ဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကတော့ မြွေပါတွေကို သီးခြားခွဲထားဖို့ တာဝန်ရှိသူတွေက ပြောပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ မြွေပါ ၈၀ ရာခိုင်နှုန်း ထပ်တွေ့တာကြောင့် သုတ်သင်ဖို့ ညွှန်ကြားလိုက်တာပါ။

ဥရောပနိုငငြံတှမှော အမှှေးရှညြ မှှပေါတှကေို သားမှေးထုတလြုပဖြို့အတှကြ သီးသန့ြ မှေးမှူကှတာ ဖှဈပါတယြ။

____________________

____________________


စပိန်နိုင်ငံ အရှေ့ပိုင်းရှိ မွေးမြူရေးခြံတစ်ခြံမှာ မြွေပါတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိရလို့ ကောင်ရေ ၁ သိန်းခန့် သုတ်သင်မှာ ဖြစ်ပါတယ်။

မြွေပါ မွေးမြူရေးခြံဟာ မက်ဒရစ်မြို့ အရှေ့ကနေ ၁၂၅ မိုင်အကွာ အာရာဂွန် ဒေသရှိ လာပူဘလာ ဒီ ဗယ်လ်ဗာဒီရွာမှာ တည်ရှိပြီး မွေးမြူရေးခြံက အလုပ်သမားတစ်ဦးရဲ့ ဇနီးဟာ မေလက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အာဏာပိုင်တွေက စောင့်ကြည့်နေတာပါ။

အဲဒီ မွေးမြူရေးခြံက လုပ်သား ခုနစ်ဦးမှာ COVID-19 ရောဂါ ကူးစက်နေကြောင်း တွေ့ရှိရတယ်လို့ အာရာဂွန် စိုက်ပျိုးရေးဌာန အကြီးအကဲ ယိုဟာကင် အိုလိုနာက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။ လူတွေကို ထပ်မံကူးစက်မှာ စိုးတဲ့အတွက် မြွေပါ ၉၃၀၀၀ ကို သုတ်သင်ပစ်ဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကတော့ မြွေပါတွေကို သီးခြားခွဲထားဖို့ တာဝန်ရှိသူတွေက ပြောပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ မြွေပါ ၈၀ ရာခိုင်နှုန်း ထပ်တွေ့တာကြောင့် သုတ်သင်ဖို့ ညွှန်ကြားလိုက်တာပါ။ ဥရောပနိုင်ငံတွေမှာ အမွှေးရှည် မြွေပါတွေကို သားမွေးထုတ်လုပ်ဖို့အတွက် သီးသန့် မွေးမြူကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)