COVID-19 ကုသရာမှာ ဒက်ဇာမက်သဇုန်း အသုံးပြုဖို့ WHO အားပေး

0
401

COVID-19 ရောဂါ ကူးစက်ခံရပြီး ရောဂါ ပြင်းထန်နေသူတွေကို ဒက်ဇာမက်သဇုန်းပေးပြီး ကုသပေးဖို့ အားပေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ဒက်ဇာမက်သဇုန်းက COVID-19 ရောဂါကြောင့် လူသေနှုန်းကို လျှော့ချပေးနိုင်တာ တွေ့ရကြောင်း၊ ဒါဟာ သတင်းကောင်းဖြစ်ပြီး ဗြိတိန်အစိုးရနဲ့ အောက်စဖို့ဒ် တက္ကသိုလ်ကို ကျေးဇူးတင်ကြောင်း WHO အကြီးအကဲ တက်ဒရို အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ပြောပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ သုတေသနအရ ဒက်ဇာမက်သဇုန်းက အသက်ရှူစက် တပ်ထားရတဲ့ လူနာ ၃၅ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ပေးထားရတဲ့ လူနာ ၂၀ ရာခိုင်နှုန်းကို သေဆုံးမှု လျော့ကျစေကြောင်း တွေ့ရှိခဲ့တာပါ။

ဗြိတိန်အစိုးရက COVID-19 လူနာတွေအတွက် ဒက်ဇာမက်သဇုန်း ဆေးသုံးစွဲဖို့ ခွင့်ပြုပေးထားပြီး ကိုရိုနာဗိုင်းရပ်စ်ကို လျော့ပါးသက်သာစေကြောင်း ပထမဆုံး တွေ့ရတဲ့ ဆေးလည်း ဖြစ်ပါတယ်။

အောကစြဖို့ဒြ တကျကသိုလကြ ကနဦး စမြးသပတြှေ့ရှိခကွကြို WHO ထံ အသိပေးခဲ့တာ ဖှဈပှီး အသေးစိတြ လေ့လာသုံးသပမြှုကို လာမယ့ရြကတြှမှော လုပဆြောငမြယလြို့ WHO က ပှောပါတယြ။

____________________

____________________

COVID-19 ကုသရာမှာ ဒကျဇာမကျသဇုနျး အသုံးပွုဖို့ WHO အားပေး

COVID-19 ရောဂါ ကူးစက်ခံရပြီး ရောဂါ ပြင်းထန်နေသူတွေကို ဒက်ဇာမက်သဇုန်းပေးပြီး ကုသပေးဖို့ အားပေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ဒက်ဇာမက်သဇုန်းက COVID-19 ရောဂါကြောင့် လူသေနှုန်းကို လျှော့ချပေးနိုင်တာ တွေ့ရကြောင်း၊ ဒါဟာ သတင်းကောင်းဖြစ်ပြီး ဗြိတိန်အစိုးရနဲ့ အောက်စဖို့ဒ် တက္ကသိုလ်ကို ကျေးဇူးတင်ကြောင်း WHO အကြီးအကဲ တက်ဒရို အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ပြောပါတယ်။  

အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ သုတေသနအရ ဒက်ဇာမက်သဇုန်းက အသက်ရှူစက် တပ်ထားရတဲ့ လူနာ ၃၅ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ပေးထားရတဲ့ လူနာ ၂၀ ရာခိုင်နှုန်းကို သေဆုံးမှု လျော့ကျစေကြောင်း တွေ့ရှိခဲ့တာပါ။

ဗြိတိန်အစိုးရက COVID-19 လူနာတွေအတွက် ဒက်ဇာမက်သဇုန်း ဆေးသုံးစွဲဖို့ ခွင့်ပြုပေးထားပြီး ကိုရိုနာဗိုင်းရပ်စ်ကို လျော့ပါးသက်သာစေကြောင်း ပထမဆုံး တွေ့ရတဲ့ ဆေးလည်း ဖြစ်ပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်က ကနဦး စမ်းသပ်တွေ့ရှိချက်ကို WHO ထံ အသိပေးခဲ့တာ ဖြစ်ပြီး အသေးစိတ် လေ့လာသုံးသပ်မှုကို လာမယ့်ရက်တွေမှာ လုပ်ဆောင်မယ်လို့ WHO က ပြောပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)