ဘေဂျင်းအဝင်အထွက် လေကြောင်းခရီးစဉ် ၆၀ ရာခိုင်နှုန်းကျော် ဖျက်သိမ်း

0
191

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံဖြစ်ပွားမှု မြင့်လာတဲ့အတွက် ဘေဂျင်း အဝင်အထွက် လေကြောင်းခရီးစဉ် ၆၀ ရာခိုင်နှုန်းကျော်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဘေဂျင်းမြို့ရှိ လေဆိပ်နှစ်ခုက လေကြောင်းခရီးစဉ် ၁၂၅၅ ခုကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်ဖြစ်တဲ့ ဂလိုဘယ် တိုင်မ်းစ် သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ခရီးစဉ် ၆၇ ရာခိုင်နှုန်းက ဘေဂျင်းက ထွက်ခွာမှာဖြစ်ပြီး ၆၈ ရာခိုင်နှုန်းက ဘေဂျင်းကို ဝင်ရောက်မယ့် ခရီးစဉ်တွေဖြစ်ပြီး အဲဒါတွေကို ဖျက်သိမ်းလိုက်တာပါ။

ဘေဂျင်းမှာ ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိပေမယ့် ပြီးခဲ့တဲ့ရက်တွေမှာ COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် ၁၃၇ ဦး တွေ့ရှိရပြီး သေဆုံးသူတော့ မရှိပါဘူး။


_________________

_________________

ဘေဂျင်းအဝင်အထွက် လေကြောင်းခရီးစဉ် ၆၀ ရာခိုင်နှုန်းကျော် ဖျက်သိမ်း

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံဖြစ်ပွားမှု မြင့်လာတဲ့အတွက် ဘေဂျင်း အဝင်အထွက် လေကြောင်းခရီးစဉ် ၆၀ ရာခိုင်နှုန်းကျော်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဘေဂျင်းမြို့ရှိ လေဆိပ်နှစ်ခုက လေကြောင်းခရီးစဉ် ၁၂၅၅ ခုကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်ဖြစ်တဲ့ ဂလိုဘယ် တိုင်မ်းစ် သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ခရီးစဉ် ၆၇ ရာခိုင်နှုန်းက ဘေဂျင်းက ထွက်ခွာမှာဖြစ်ပြီး ၆၈ ရာခိုင်နှုန်းက ဘေဂျင်းကို ဝင်ရောက်မယ့် ခရီးစဉ်တွေဖြစ်ပြီး အဲဒါတွေကို ဖျက်သိမ်းလိုက်တာပါ။

ဘေဂျင်းမှာ ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိပေမယ့် ပြီးခဲ့တဲ့ရက်တွေမှာ COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် ၁၃၇ ဦး တွေ့ရှိရပြီး သေဆုံးသူတော့ မရှိပါဘူး။

ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဘေဂျင်းမြို့ရဲ့ ဗိုင်းရပ်စ် ခြိမ်းခြော်ကမှု အန္တရာယ်ကို အဆင့် ၃ ကနေ အဆင့် ၂ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး စာသင်ကျောင်းတွေ ပြန်ပိတ်တာ၊ ခရီးစဉ်တွေ ရွှေ့ဆိုင်းတာနဲ့ ခပ်ခွာခွာ နေဖို့တွေကို ပြန်လည် တင်းကျပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၇ ဒသမ ၉၄ သန်းကျော်၊ သေဆုံးသူ ၄၃၅၀၀၀ ကျော် ရှိပါတယ်။  

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)