အမေရိကန် ပြည်နယ် ခြောက်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင် မြင့်တက်

0
152

အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပြုပြီးနောက် ပြည်နယ် ခြောက်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ စံချိန်တင် မြင့်တက်လာပါတယ်။

အရီဇိုးနား၊ ဖလော်ရီဒါ၊ အိုကလာဟိုးမား၊ အော်ရီဂွန်နဲ့ တက္ကဆက်စ်တို့မှာ ဇွန်လ ၁၆ ရက်နေ့က COVID-19 ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံးကို ရောက်ရှိခဲ့တာပါ။ နီဗာဒါပြည်နယ်မှာလည်း ဇွန်လ ၁၆ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်မှုဟာ မေလ ၂၃ ရက်နေ့ နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရမှုနှုန်းလည်း မြင့်ခဲ့ပါတယ်။

အရီဇိုးနားပြည်နယ်၊ တပ်ကဆန် ကုသရေးဌာနရှိ အထူးကြပ်မတ် ကုသရေးဆောင်မှာလည်း လူနာတွေ ပြည့်သွားတယ်လို့ ဆေးရုံက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်တာ ကာလအတွင်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် COVID-19 ရောဂါ ကူးစက်မှု မြင့်လာနိုင်ဖွယ်ရှိလို့ ပြည်နယ်အများစုကလည်း ကုသရေးတွေအတွက် ပြင်ဆင်ထားကြပါတယ်။

အောရီဂွန်ပြည်နယ်မှာ လိုက်ဟောက်စ် ယူနိုက်တက် ပန်တီကိုစတယ် ဘုရားကျောင်းကနေ စတင်တဲ့ လူ ၂၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။

အမရေိကနြ ပှညထြောငစြုမှာ ကိုရိုနာဗိုငြးရပဈြ ကူးစကသြူ ၂ ဒသမ ၁၈ သနြးကွောြ၊ ဗိုငြးရပဈြကှောင့ြ သဆေုံးသူ ၁၁၉၀၀၀ ကွောနြဲ့ ရောဂါ ပှနလြညြ သကသြာလာသူ ၆၇၉၀၀၀ ကွောြ ရှိပါတယြ။

__________________

__________________


အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပြုပြီးနောက် ပြည်နယ် ခြောက်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ စံချိန်တင် မြင့်တက်လာပါတယ်။

အရီဇိုးနား၊ ဖလော်ရီဒါ၊ အိုကလာဟိုးမား၊ အော်ရီဂွန်နဲ့ တက္ကဆက်စ်တို့မှာ ဇွန်လ ၁၆ ရက်နေ့က COVID-19 ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံးကို ရောက်ရှိခဲ့တာပါ။ နီဗာဒါပြည်နယ်မှာလည်း ဇွန်လ ၁၆ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်မှုဟာ မေလ ၂၃ ရက်နေ့ နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရမှုနှုန်းလည်း မြင့်ခဲ့ပါတယ်။  

အရီဇိုးနားပြည်နယ်၊ တပ်ကဆန် ကုသရေးဌာနရှိ အထူးကြပ်မတ် ကုသရေးဆောင်မှာလည်း လူနာတွေ ပြည့်သွားတယ်လို့ ဆေးရုံက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်တာ ကာလအတွင်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် COVID-19 ရောဂါ ကူးစက်မှု မြင့်လာနိုင်ဖွယ်ရှိလို့ ပြည်နယ်အများစုကလည်း ကုသရေးတွေအတွက် ပြင်ဆင်ထားကြပါတယ်။

အောရီဂွန်ပြည်နယ်မှာ လိုက်ဟောက်စ် ယူနိုက်တက် ပန်တီကိုစတယ် ဘုရားကျောင်းကနေ စတင်တဲ့ လူ ၂၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂ ဒသမ ၁၈ သန်းကျော်၊ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၉၀၀၀ ကျော်နဲ့ ရောဂါ ပြန်လည် သက်သာလာသူ ၆၇၉၀၀၀ ကျော် ရှိပါတယ်။ 

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)