ချဲလ်ဆီးအသင်း နည်းပြကွန်တီ ကိုပြောင်းရွေကြေး ပေါင် ၂၅၀ သန်းသုံးစွဲခွင့်ပြု

0
269

ချဲလ်ဆီးအသင်းဟာ ပရီးမီယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အသင်း အင်အားတောင့်တင်းအောင် နည်းပြကွန်တီကိုပြောင်းရွှေကြေး ပေါင် ၂၅၀ သန်း သုံးစွဲခွင့် ပေးသွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းကြွန်တီမှာ ခေါ်လိုတဲ့ကစားသမားတွေကို ခေါ်ယူလိုပေမယ့် အသင်းပိုင်က ငွေကြေးထုတ်ပေးမှု မရှိတဲ့အတွက်ကြောင့် နည်းပြကွန်တီ နဲ့ အသင်းပိုင်ရှင်အေဗရာမိုဗစ်ခ်ျတို့ ကြားတင်းမာမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

နည်းပြကွန်တီဟာ အဲဗာတန် တိုက်စစ်မှုး လူကာကူ၊ ဂျူဗင်တပ်တပ် နောက်ခံလူ ဘိုနုချီ တို့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီးအသင်းက ပြသာနာတွေကို ဖြေရှင်းပြီးသွားလို့ လာမယ့်ရာသီမှာအင်အား တောင့်တင်းဖို့ ကစားသမား အသစ်တွေခေါ်ယူရေး နည်းပြကွန်တီကို ပြောင်းရွှေကြေး  သန်း ၂၅၀ ထုတ်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြကွန်တီ ဟာ ချဲလ်ဆီးအသင်းကို စရောက်တဲ့နှစ်မှာပဲ အသင်းကိုပရီးမီယားလိဂ်ချန်ပီယံ ဆုရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)