ရီးရဲမက်ဒရစ်အသင်းကနေ တိုက်စစ်မှုး စီရော်နယ်ဒို  ထွက်ခွာလိုနေ

0
304

ရီးရဲမက်ဒရစ်တိုက်စစ်မှုးစီရော်နယ်ဒို ဟာ စပိန်မြေပေါ်မှာကစားလိုစိတ်မရှိတာကြောင့် အသင်း ကနေထွက်ခွာလိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

မန်ယူတိုက်စစ်မှုးဟောင်း စီရော်နယ်ဒိုဟာ စပိန်အာဏာပိုင်တွေရဲ့ အခွန်တိမ်းရှောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စိတ်ဆိုးလျက်ရှိနေပါတယ်။ 

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ရုပ်သံဝင်ငွေ နဲ့ ပတ်သက်ပြီး ပေါင် ၁၂ သန်း အခွန်တိမ်းရှောင်မှုတွေရှိခဲ့တယ်လို့ မက်ဒရစ်မြို့အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

စီရော်နယ်ဒို ရဲ့စီမံခန်ခွဲမှုကုမ္မဏီ ဂက်တီဖူတီက ၄င်းတို့ကုမ္မဏီအနေနဲ့ စီရော်နယ်ဒိုနဲ့ ပတ်သက်တာတွေကို စပိန် အခွန်ဥပဒေ တွေအတိုင်းလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၀၉ခုနှစ်က မန်ယူ ကနေ ရီးရဲ့မက်ဒရစ်အသင်းကို ပေါင် ၈၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

စီရော်နယ်ဒို ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကကစားသမားဟာ အခွန်တိမ်းရှောင် တယ်လို့ စွပ်စွံခံရတဲ့အပေါ် စိတ်ဆိုးနေပြီးသူအတွက် မမျှတဘူးလို့ ခံစားရေတယ်လို့ ပြောပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရီးရဲမက်ဒရစ် အသင်းနဲ့ ၅ နှစ်စာချုပ်သက်တမ်းတိုးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)