ကုန်တင်သင်္ဘောတစ်စင်းနဲ့ အမေရိကန် ရေတပ်သင်္ဘောတို့  တိုက်မိပြီး ၇ ဦးပျောက်ဆုံး

0
277

ဖိလစ်ပိုင်အလံတပ်ဆင်ထားတဲ့ ကုန်တင်သင်္ဘောတစ်စင်းနဲ့ အမေရိကန် ရေတပ်သင်္ဘောတို့ ဒီကနေ့မနက် အစောပိုင်းမှာ သင်္ဘောချင်း တိုက်မိပြီး အနည်းဆုံးလူ ၃ ဦး ဒဏ်ရာရရှိကာ ၇ ဦးပျောက်ဆုံးနေတယ်လို့ အမေ ရိကန် ရေတပ်အရာရှိတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ ဒေသစံတော်ချိန် ၂း၃၀ မိနစ်မှာဖြစ်ပြီး ဂျပန်နိုင်ငံ ယိုကိုစူက မြို့ရဲ့ အနောက်တောင်ဘက် ၅၆ မိုင်အကွာမှာ တိုက်မိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုဟာ  မြင်ကွင်းရှင်းလင်းမှုမရှိတာကြောင့် သင်္ဘောချင်းတိုက်မိခဲ့တာဖြစ်ပြီး  အမေရိကန် ရေတပ်သင်္ဘောထိခိုက် ပျက်စီးမှုအတ်ာများများရှိခဲ့ပေမဲ့ နှစ်မြှပ်လောက်တဲ့ အထိ အန္တရာယ်ကြီးကြီး မားမား မဖြစ်ပေါ်ခဲ့ဘူးလို့  ဂျပန်ကမ်း ခြေစောင့် တပ်ဖွဲ့ ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)