
0
289




အာရှမှာ ထိုင်ဝမ်က လိင်တူ လက်ထပ်ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာ


ထိုင်ဝမ် ပါလီမန်က လိင်တူ လက်ထပ်ခွင့်ကို ဒီနေ့ မေလ ၁၇ ရက်မှာ အတည်ပြုလိုက်ပြီးနောက် ထိုင်ဝမ်ဟာ အာရှမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင် ပထမဆုံး ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာပါတယ်။


ဥပဒေမှာ အထူး ထာဝရ ယှဉ်တွဲနေထိုင်မည့်သူဆိုတဲ့ ပုံစံကို ခွင့်ပြုထားပြီး အစိုးရ အေဂျင်စီတွေဆီမှာ လက်ထပ် မှတ်ပုံတင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဥပဒေကို အတည်ပြုလိုက်မှုဟာ ညီတူညီမျှ လက်ထပ်ခွင့်ရဖို့ နှစ်နဲ့ချီ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ထိုင်ဝမ် LGBT အသိုက်အဝန်းအတွက် အောင်မြင်မှု ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်တွေက လက်ထပ်ခွင့်ရတဲ့အထိ ရည်ညွှန်းမှုကို ပယ်ဖျက်ဖို့ ကြိုးစားပေမယ့် ဥပဒေ အတည်ပြုနိုင်ဖို့ လုံလောက်တဲ့မဲ အရေအတွက် ရရှိခဲ့တာ ဖြစ်ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)