အမေရိကန် မဟာမိတ်ဖွဲ့တာကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ကြောင်း တူရကီပြော

0
322

အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မှာ ဆွေးနွေးမှုအပြီး သူ့အနေနဲ့ ကတ်ရှ်သူပုန်တွေနဲ့ အမေရိကန်မဟာမိတ်ဖွဲ့ပြီး ဆီးရီးယားမှာ တိုက်ခိုက်တာကို ဘယ်သောအခါမှ လက်သင့်ခံနိုင်မှာမဟုတ်ကြောင်း တူရကီသမ္မတ ရီဆက်ပ်တေရစ်အီဒိုဂန်က ပြောကြားလိုက်ပါတယ်။

အခုလအစောပိုင်းက စစ်လက်နက်တပ်ဆင်ပေးဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့တဲ့ ကတ်ရှ်လက်နက်ကိုင် အုပ်စုကို ရည်ရွယ်ပြီး တူရကီသမ္မတ ရီဆက်ပ်တေရစ်အီဒိုဂန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စမှာ သဘောထားကွဲလွဲမှုရှိပေမယ့်လည်း အပြန်အလှန်ဆက်ဆံရေးမှာ ပိုမိုခိုင်မာမှုရှိလာဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပြောဆိုဆွေးနွေးနိုင်ခဲ့ကြောင်း သမ္မတထရန့်က ပြောကြားခဲ့ပါတယ်။

တူရကီအစိုးရက ကတ်ရှ်အုပ်စုကို အကြမ်းဖက်သမားအဖွဲ့လို့ ရှုမြင်ထားပြီး ဆီးရီးယားနိုင်ငံမှာ နောက်ထပ်နယ်မြေတွေ ထပ်မံသိမ်းပိုက်မှာကို မလိုလားကြောင်း ထင်ထင်ရှားရှား ပြသလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်ကတော့ ဆီးရီးယားနိုင်ငံမှာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တွေကို တိုက်ခိုက်ဖို့အ တွက် ကတ်ရှ်အုပ်စု ဟာ အဓိကမဟာမိတ်ဖြစ်တယ်လို့ လက်ခံထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)