လူသားကို စတေးတဲ့ ရှေးဟောင်းအထောက်အထား တောင်ကိုရီးယားမှာ တွေ့ရှိ

0
315

ရှေးဟောင်း ဆောက်လုပ်ရေးစီမံကိန်းတွေမှာ အောင်မြင်မှုရရှိရေးအတွက် လူသားကို စတေးသတ်ဖြတ်တဲ့ အထောက်အထားကို တောင်ကိုရီးယားနိုင်ငံမှာ တွေ့ရှိရပါတယ်။

တောင်ကိုရီယားနိုင်ငံ၊ ဂျီယွန်ဂျုးဒေသရှိ ၀ူးလ်ဆောင်အမည်ရ ငါးရာစုနှစ်က ရဲတိုက်တစ်ခုကို တူးဖော်ရာမှာ နံရံတွေအောက်ကနေ လူသားအရိုးစုနှစ်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဆိုပါဒေသဟာ ရှေးဟောင်းကိုရီယားဘုရင့်နိုင်ငံ ဆီလာရဲ့မြို့တော်နေရာ ဖြစ်ပြီး အရိုးစုနှစ်ခုတွေ့ရှိခဲ့ရကြောင်း တောင်ကိုရီးယားယဉ်ကျေးမှုအမွေအနှစ် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းက မေလ ၁၆ ရက် နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ကိုရီးယားယဉ်ကျေးမှုမှာ ဘုရင်တွေနတ်ရွာစံခဲ့ရင် အချွေအရံတွေကိုပါ ထည့်သွင်းပြီး အရှင်လတ်လတ်ေ မြေမြှုပ်တဲ့ဓလေ့ဟာ ရှေးဟောင်းဓလေ့အနေ့ အများစုက သိရှိထားပြီးဖြစ်ပါတယ်။

လက်ရှိတွေ့ရှိရတဲ့ အရိုးစုပိုင်ရှင်တွေ ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာတော့ အသေအချာမသိရှိရသေးပါဘူး။ ဒါပေမဲ့ အရှင်လတ်လတ် မြေမြှုပ်ခဲ့တဲ့လက္ခဏာတော့ မတွေ့ရှိရဘူးလို့ သိရှိရပါတယ်။

အဆိုပါအရိုးစုနှစ်ခုရဲ့ ဒီအန်အေစစ်ဆေးမှုတွေကိုတော့ ဆက်လက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)