တောင်ကိုရီးယား ရော့ခ်ဂီတဖခင်ကြီးကို အမေရိကန် ဂီတတက္ကသိုလ်က ပါရဂူဘွဲ့ပေးအပ်

0
340

တောင်ကိုရီးယားနိုင်ငံရဲ့ ရော့ခ်ဂီတဖခင်ကြီးလို့ တင်စားပြောဆိုမယ့် ရှင်ဂျန်ယွမ် ၇၉ နှစ်ကို အမေရိကန်နိုင်ငံ၊ ဘော်စတန်မြို့မှာ တည်ရှိတဲ့ ဘာကလီဂီတကောလိပ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့်လိုက်ကြောင်း နာမည်ကျော်ရော့ခ်စတားကြီးရဲ့ အဖွဲ့သားတွေက မေလ ၁၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အနောက်တိုင်းရော့ခ်ဂီတအမျိုးအစားကို တောင်ကိုရီးယားနိုင်ငံမှာ စွန့်ဦးတီထွင်အနေနဲ့ စတင်ခဲ့သူက ရှင်ဂျန်ယွမ်ပါ။ သူနဲ့အတူ အခြားနာမည်ကျော်ဂီတသမား လေးဦးကိုလည်း ရှင်ဂျန်ယွမ်နဲ့အတူ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေ ဘာကလီဂီတကောလိပ် က ချီးမြှင့်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

အဆိုပါဂုဏ်ထူးဆောင်ဘွဲ့ကို တောင်ကိုရီယားလူမျိုးတွေထဲမှာ ရှင်ဂျန်ယွမ်က ပထမဆုံးရရှိခဲ့တာဖြစ်ကြောင်း ကောလိပ်ရဲ့တရား ၀င်ဝက်ဘ်ဆိုက်ဒ်က ဖော်ပြခဲ့ပါတယ်။

၁၉၃၈ ခုနှစ်မှာ ရှင်ဂျန်ယွမ်ကို တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ မွေးဖွားခဲ့ပါတယ်။ ရှင်ဟာ ၁၉၆၀ ပြည့်နှစ်နဲ့ ၁၉၇၀ ပြည့်နှစ်များ ဆီက တောင်ကိုရီးယားနိုင်ငံရဲ့ ပေါ့ပ်နဲ့ရော့ခ်ဂီတလောကကို ဦးဆောင်ခဲ့သူပဲဖြစ်ပါတယ်။

ရှင်ဂျန်ယွမ်ဟာ အမေရိကန်နိုင်ငံက ချီးမြှင့်တဲ့ Fender Custom Shop Tribute Series guitar ဆုကို ပထမဆုံးရရှိခဲ့သူ အာရှတိုက်သားဖြစ်ပြီး ကမ္ဘာပေါ်မှာ ခြောက်ဦးမြောက်အဆိုပါဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)