မြန်မာ့နယ်စပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတပြော

0
335

တရုတ်နိုင်ငံကို   One  Belt – One Road  Forum တက်ရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့  မနေ့က မေလ ၁၆ ရက်နေ့က  တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ အိမ်နီးချင်း  တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်တွေ မကြာ ခဏဖြစ် ပေါ်နေ တဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကူအညီပေးသွားမှာ ဖြစ်ကြောင်း၊ အဓိကအားဖြင့် တရုတ် – မြန်မာ နယ်စပ်ကြား ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုရှိစေဖို့ ကူညီပေးသွားမှာ ဖြစ်ကြောင်း  သမ္မတ ရှီက ပြောဆိုခဲ့ တာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း နယ်စပ်ရေးရာ ကိစ္စတွေမှာတရုတ် နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိ ကြောင်း ၊ မြန်မာနိုင်ငံ အနေနဲ့ နယ်စပ်ရေးရားကိစ္စတွေမှာ ပါဝင်ကူညီတဲ့ တရုတ် နိုင်ငံရဲ့ သဘောထားကို တန်ဖိုးထားကြောင်း   နဲ့ One  Belt – One Road  လမ်းမကြီး ကြောင့် ကမ္ဘာ့နိုင်ငံအတော် များများ ပြန်လည်သင့်မြတ်မှု တွေရရှိလာမှုဖြစ်ကြောင်း  လမ်းမကြီး ဖြစ်တည်ရာဒေသ အသီးသီးလည်း တိုးတက်လာမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)