သဘာဝအတိုင်း အလင်းဖြာထွက်နေတဲ့ ဖားမျိုးစိတ် တွေ့ရှိ

0
292

သဘာဝအတိုင်း အလင်းပြန်ထွက်နေတဲ့ ဖားမျိုးစိတ်တစ်ခုကို အာဂျင်တီးနားနိုင်ငံမှာ မတော်တဆ တွေ့ရှိခဲ့ရကြောင်း သုတေသန အဖွဲ့ ၀င်တစ်ဦးက ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားနဲ့ ဘရာဇီးသိပ္ပံပညာရှင်တွေဟာ တောင်အမေရိကမှာ အတွေ့ရများတဲ့ သစ်ပင်တွေမှာနေထိုင်ကျက်စားတဲ့ ဖားမျိုးစိတ်တစ်ခုရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ဘာနာဒီနိုရီဗာဒါဗာ သဘာဝသိပ္ပံပြတိုက်မှာ လေ့လာရင်း အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပုံမှန်အလင်းရောင်အောက်မှာ ဖားရဲ့အရေးပြားက အ၀ါ-အညိုဖြစ်ပြီး အနီစက်တွေ ရှိပေမယ့် ခရမ်းလွန်ရောင်ခြည်အလင်းနဲ့ ထိုး ကြည့်တဲ့အခါမှာ ဂြိုလ်သားဆန်ဆန်အစိမ်းရောင်ကို ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါသုတေသီတွေရဲ့ဖော်ပြချက်အရ ဒါဟာ ပထမဆုံးအကြိမ် အလင်းဖြာထွက်တဲ့ဖားမျိုးစိတ်ကို သိပ္ပံနည်းကျမှတ်တမ်း တင်နိုင်ခဲ့တာလည်း
ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)