အလက်ပိုပြည်နယ်မှာ ဗလီတစ်ခုအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၂ ဦးသေဆုံး

0
298

အရပ်သားအများစုပါဝင်တဲ့ လူ ၄၂ဦးဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ သူပုန်တွေထိန်းချုပ်ထားတဲ့ ကျေးရွာတစ်ခုက ဗလီ အပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအုပ်စုက ပြောပါတယ်။

ဘယ်နိုင်ငံကမှန်းမသိရတဲ့လေယာဉ်တွေက အလက်ပိုပြည်နယ်၊ အဲလ်-ဂျီးနက်ဒေသမှာ တိုက်ခိုက်မှုပြုခဲ့တာဖြစ်ကြောင်း အဆိုပါ လူ့အခွင့်အရေးအုပ်စုက ဆိုပါတယ်။

အဆိုပါဒေသအတွင်းမှာ ရုရှား၊ ဆီးရီးယားနဲ့ အမေရိကန်နိုင်ငံတို့က စစ်လေယာဉ်တွေဟာ ဂျီဟတ်သူပုန်တွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးလုပ်ဆောင်နေပါတယ်။

အလက်ပိုပြည်နယ်နဲ့ နီးကပ်တဲ့ အီဒလစ်ပြည်နယ်မှာ အယ်ကေဒါးသူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အမေရိ ကန်က ဆိုပါတယ်။ ဒါပေမဲ့ အီဒလစ်တိုက်ခိုက်မှုမှာ အရပ်သားတွေ သေဆုံးခဲ့တယ်လို့တော့ အမေရိကန်က မကြေငြာခဲ့ပါဘူး။

ဗြိတိန်အခြေစိုက်အဆိုပါ လူ့အခွင့်အရေးအုပ်စုက မြေပြင်သတင်းအချက်အလက်တွေကို အခြေခံပြီး အယ်-ဂျီးနက်ဗလီမှာ ညနေ ခင်းဝတ်ပြုဆုတောင်းသူတွေ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။တိုက်ခိုက်မှုခံရတဲ့ကျေးရွာဟာ ဆီးရီးယားနိုင်ငံမှာ သူပုန်တွေရဲ့ အဓိကစိုးမိုးထားတဲ့ဒေသတစ်ခုထဲမှာ ပါဝင်နေပါတယ်။
ဆီးရီးယားအရေးမှာ ရှုပ်ထွေးမှုတွေ ဖြစ်နေပြီး သမ္မတအာဆတ်က အာဏာဆက်မြဲနေသလို စစ်ပွဲကလည်း ရပ်တန့်မယ့် လက္ခဏာ မရှိသေးပါဘူး။

မြို့တော် ဒမတ်စကတ်စ်မှာ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံးလူ ၃၁ ဦးသေဆုံးခဲ့ရပြီး နောက်တစ်ရက်အကြာမှာ အခုလိုလေ ကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။

သမ္မတဘာရှာအဲလ်အာဆက်ကို ဆန့်ကျင်အုံ့ကြွမှု ၆နှစ်ပတ်လည်နေ့မှာ ဒမတ်စကတ်မြို့အတွင်း ဗုံးဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
ဆီးရီးယားစစ်ပွဲအတွင်း လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ခန့်သေဆုံးခဲ့ပြီး လူပေါင်း ၁၁သန်းခန့်မှာ စစ်ဘေးရှောင်ထွက်ပြေးနေ ကြရကြောင်း ဆီးရီးယားအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)