သြစတြေးလျမှာ ပိုလျှံ တိရစ္ဆာန် ရှင်းလင်းရေးအရ မြင်း၊ ကျွဲ၊ ဝက် ကောင်ရေ ၆ ထောင် သုတ်သင်

0
298

သြစတြေးလျနိုင်ငံ၊ ကာကာဒူ အမျိုးသား ဥယာဉ်ထဲမှာ ပိုလျှံ တိရစ္ဆာန် ရှင်းလင်းရေး စီမံချက်အရ မြင်း၊ ကျွဲ၊ ဝက်၊ မြည်း အရိုင်းတွေ ၆ ထောင် ကျော်ကို သုတ်လင်လိုက်ပါတယ်။

 

ရဟတ်ယာဉ်တွေနဲ့ သေနတ်သမားတွေကို သုံးပြီး ပြုလုပ်တဲ့ သုတ်သင်ရေးဟာ ၂၄ ရက် ကြာပြီး၊ မြင်း ၃ ထောင် ၆ ရာကျော်၊ ကျွဲ ၂ ထောင်ခန့်၊ ဝက် ၃၀၀ ခန့်နဲ့ မြည်းတချို့ သုတ်သင်ခံရပါတယ်။

တောရိုင်း တိရစ္ဆာန် ဦးရေကို ထိန်းချုပ်နိုင်ရေးအတွက် ပိုလျှံအရေအတွက် တိရစ္ဆာန်တွေကို လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ သုတ်သင်တာ ဒါ ပထမဦးဆုံး ဖြစ်ပါတယ်။ ၂၀၀၉ ကစခဲ့တဲ့ ဒီ ပိုလျှံ တိရစ္ဆာန် သုတ်သင်ရေးကြောင့် တိရစ္ဆာန် စုစုပေါင်း ၃ သောင်းကျော်ကို သုတ်သင်ပြီး ဖြစ်တယ်လို့ ကာကာဒူ အမျိုးသားဥယျာဉ် မန်နေဂျာက ပြောပါတယ်။

မြင်းနဲ့ ကျွဲရိုင်းတွေရဲ့ အကောင်ပေါက်ဖွားမှုနှုန်းဟာ တစ်နှစ်ကို ၂၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ ဒီ မျိုးစိတ်နှစ်ခုဟာ သြစတြေးလျ မြောက်ပိုင်း ပိုက်နက်ထဲ ရောက်လာပြီး အုပ်စုလိုက် မျိုးပွားနှုန်း မြင့်တာကြောင့် ချောင်းငယ်များ ကောပြီး တခြားနေရာတွေမှာ ရေလျှံခြင်း၊ စားကြက်မြက်ခင်းများ နာလန်မထူနိုင်ခြင်း၊ သဘာဝ ဟန်ချက် ပျက်ခြင်းတွေကို ဖြစ်စေခဲ့ပါတယ်။

အဲဒီလို သုတ်သင်မှုတွေကြောင့် မြင်းချစ်သူတွေနဲ့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)