ဆိုမာလီပင်လယ်ဓါးပြတွေ ပြန်ပေးငွေမတောင်းဘဲ သင်္ဘောကို ပြန်လွှတ်ပေး

0
278

ဆိုမာလီပင်လယ်ဓါးပြတွေက ပြန်ပေးဆွဲသွားတဲ့ ရေနံတင်သင်္ဘောကို ပြန်ပေးငွေမတောင်းဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း အရာရှိ တွေက ပြောကြားလိုက်ပါတယ်။

ပင်လယ်ဓါးပြတွေအတွက် ရိက္ခာသယ်လာတဲ့မော်တော်ဘုတ်နဲ့ ရေတပ်သင်္ဘောတွေ အပြန်အလှန်ပစ်ခတ်ပြီး နာရီအနည်းငယ် အကြာမှာ အရာရှိတွေက အခုလိုပြောကြားခဲ့တာပါ။

အဆိုပါရေနံတင်သင်္ဘောဟာ ဒီဂျီဘီတီဆိပ်ကမ်းကနေ ဆိုမာလီမြို့တော် မိုဂါဒစ်ရှုးမြို့ကို သွားရောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ သီရိလင်္ကာသင်္ဘောသား ၈ဦးပါဝင်သွားခဲ့ပါတယ်။ ဒါဟာ ဆိုမာလီယာကမ်းခြေမှာ ၂၀၁၂ခုနှစ်ကစပြီး ပထမဆုံးအကြိမ် ပြန်ပေးဆွဲမှုပါ။ ဆိုမာလီယာနိုင်ငံ၊ ပန်လန့်ဒ်ပြည်နယ် အဏ္ဏ၀ါရဲတပ်ဖွဲ့ရဲ့အထွေထွေညွှန်ကြားရေးမှူး အက်ဘီဒီရာဟန်မိုဟာမွတ်ဟာဆန်က “ ဒီ နေ့လည်ပိုင်းပစ်ခတ်မှုတွေ ဖြစ်ပွားအပြီးမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့တပ်ကို ပြန်ရုပ်သိမ်းပေးခဲ့ပြီး ပင်လယ်ဓါးပြတွေ ထွက်ခွာသွားကြတာပါ” လို့ ပြောဆိုခဲ့ပါတယ်။ ပြန်ပေးငွေ မတောင်းဘဲ ပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း ပင်လယ်ဓါးပြတစ်ဦးက အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပင်လယ်ဓားပြတွေက သဘောကောင်းလွန်းပြီး ပြန်ထွက်သွားကြတာမဟုတ်ဘဲ သူတို့မငြင်းပယ်ချင်လောက်တဲ့ ကမ်း လှမ်းမှုမျိုး တစ်ခုရှိခဲ့လို့ အခုလို ပြန်ပေးငွေဆက်မတောင်းတော့တာဖြစ်ဖို့များကြောင်း ဆိုမာလီယာနိုင်ငံမှာ ပင်လယ်ဓါးပြ တွေ ဖမ်းဆီးခံရတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိ့နှိုင်းတဲ့အလုပ်ကို နှစ်ပေါင်းများစွာလုပ်ကိုင်ပေးလာခဲ့သူ တစ် ဦးဖြစ်တဲ့ ဗြိတိန်စစ်တပ်အရာရှိဟောင်း မစ္စတာဂျွန်စတိဒ်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)