ဘာသာရေး စော်ကားမှု ကာကွယ်ရေး ဖေ့ဘွတ်ခ် ကူညီပေးဖို့ ပါကစ္စတန် တောင်းဆို

0
294

လူမှုကွန်ယက်ပေါ်မှာ ပါကစ္စတန်လူမျိုးတွေတင်တဲ့ ဘာသာရေး စော်ကားတဲ့ ပို့စ်တွေကို ကူညီဖော်ထုတ်ပေးဖို့ ဖေ့ဘွတ်ခ်ကုမ္ပဏီ ကို ပါကစ္စတန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီက ပါကစ္စတန်နိုင်ငံကို အဆိုပါကိစ္စအတွက် အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးမှာဖြစ်ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန် ကြီးကပြောပါတယ်။
ဘာသာရေး စော်ကားမှုက ပါကစ္စတန်နိုင်ငံမှာ အင်မတန်ထိရှလွယ်တဲ့ ပြဿနာကြီးဖြစ်နေပါတယ်။

အချို့အမှုတွေမှာ သေဒဏ်ပေးနိုင်တဲ့ ဘာသာရေးစော်ကားမှုဥပဒတွေက လူနည်းစုတွေကို ဖိနှိပ်ဖို့အတွက် အလွဲသုံးနေတာဖြစ် ကြောင်း ဝေဖန်သူတွေက ဆိုပါတယ်။ အခုရက်သတ္တပတ်အစောပိုင်းကလည်း ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှာရစ်ဖ်က လူမှုကွန်ရက်ပေါ်မှာ ဘာသာရေး စော်ကားတဲ့ ပို့စ်တွေကို နှိပ်ကွပ်ဖို့ ပြောဆိုသွားခဲ့ပါတယ်။

ဝန်ကြီးချုပ်က ပါတီရဲ့တရားဝင်တွစ်တာ အကောင့်ကနေပြီး ဘာသာရေးစော်ကားမှုဟာ ခွင့်လွှတ်လို့မရတဲ့ စော်ကားမှုကြီးပဲလို့ ရေးသားခဲ့ပါတယ်။
ဖေ့ဘွတ်ခ်ကုမ္ပဏီကတော့ ပါကစ္စတန်ကို အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်ဆိုတဲ့ သတင်းကို အတည်မပြုသေးပါဘူး။

ပါကစ္စတန်နိုင်ငံက ညစ်ညမ်းဝက်ဘ်ဆိုက်ဒ်တွေနဲ့ အစ္စလာမ်မစ်ဆန့်ကျင်ရေးဆိုက်ဒ်တွေကို ပိတ်ထားလေ့ရှိပြီး ၂၀၁၀ ပြည့်နှစ်က တမန်တော်မိုဟာမတ်ပုံ ကယ်ရီကေချာရေးဆွဲပြီး ပို့စ်တင်ခဲ့တာကြောင့် ဖေ့ဘွတ်ခ်ကို ပါကစ္စတန်နိုင်ငံမှာ သုံးစွဲခွင့် တရားရုံးတစ် ခုက ပိတ်ပင်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)