တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌ ပုံတူပန်းချီ ဟောင်ကောင်မှာ လေလံတင်

0
261

အမေရိကန်ပန်းချီဆရာ အန်ဒီဝါးဟိုလ်ရေးဆွဲခဲ့တဲ့ တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ (CPC)ရဲ့ ဥက္ကဋ္ဌကြီး မော်ရဲ့ ပုံတူပန်းချီကားကို ဟောင်ကောင်မှာ လေလံပစ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

ပန်းချီဆရာက ၂၀ ရာစုအတွင်း ကျော်ကြားသူတွေရဲ့ပုံတွေကို စီးရီးလိုက်ရေးဆွဲခဲ့ပြီး ဥက္ကဋ္ဌမော်စီတုံးရဲ့ပုံကို မော်ရဲ့စာအုပ်နီလေး ထဲက ဓါတ်ပုံကိုကြည့်ပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါပန်းချီကားရဲ့လေလံတန်ဖိုးက ဒေါ်လာ ၁၅ သန်းဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ဒီပန်းချီကားကို ၂၀၁၄ ခုနှစ်က လန်ဒန်မြို့မှာ ဒေါ်လာ ၉.၄သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ အမည်မဖော်ပြသူ လက်ရှိပိုင်ရှင် က ဟောင်ကောင်မှာ လာရောက် လေလံတင်တာဖြစ်ပြီး လာမယ့် ဧပြီ ၂ ရက်နေ့မှာ လေလံပွဲစတင်မယ်လို့ သိရှိရပါတယ်။

စစ်အေးတိုက်ပွဲ ရန်သူတွေဖြစ်ခဲ့တဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အမေရိကန် သမ္မရစ်ချက်ဒ်နစ်ဆင်ရဲ့ ဘေဂျင်းသမိုင်းဝင် ခရီးစဉ်အပြီး နှစ်နိုင်ငံ တင်းမာမှုလျော့ကျလာချိန် ၁၉၇၂ ခုနှစ်မှာ ပန်းချီဆရာဝါးဟိုလ်က မော်ရဲ့ပုံတူပန်းချီကို စတင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)