ဘာကီနာဖူဆိုမှာ ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရ၊ ၁၀ ဦး သေ

0
170

ဘာကီနာဖူဆိုနိုင်ငံ မြောက်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ခုမှာ တိုက်ခိုက်ခံရလို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားတယ်လို့ လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဆာဟယ်ဒေသ၊ ယာဂါခရိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ ဘာသာရေး အခမ်းအနား ကျင်းပနေစဉ် လက်နက်ကိုင်ထားတဲ့ လူတစ်ဦးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်သူက ခရစ်ယာန် ဓမ္မဆရာကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ဘာကီနာဖူဆို မြောက်ပိုင်းမှာ အရေးပေါ် အခြေအနေ ကြေညာထားမှု ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကုန်ဆုံးပြီးနောက် အကြမ်းဖက်မှုတွေကို ဆက်လက်နှိမ်နင်းဖို့ သက်တမ်း နောက်တစ်နှစ် တိုးထားပါတယ်။ ဘာကီနာဖူဆိုမှာ အကြမ်းဖက်အဖွဲ့အစည်းတွေ တိုက်ခိုက်မှုကြောင့် လေးနှစ်အတွင်း လူ ၇၀၀ ခန့် အသတ်ခံရပြီး လူပေါင်း ၂၇၀၀၀၀ ခန့် နေအိမ်စွန့်ခွာသွားခဲ့ကြပါတယ်။  

ဘာကီနာဖူဆိုမှာ ခရဈယာနျဘုရားကြောငျး တိုကျခိုကျခံရ၊ ၁၀ ဦး သေ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)