လက်ကျန် ၁၂ ပွဲမှာ ငါးပွဲနိုင်ရုံနဲ့ ပရီးမီယားလိဂ်ချန်ပီယံ ဖြစ်မယ့် လီဗာပူး

0
131

လီဗာပူးအသင်းအနေနဲ့ လက်ကျန် ၁၂ ပွဲမှာ ငါးပွဲနိုင်ရုံနဲ့ ပရီးမီယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တော့ မှာဖြစ်ကြောင်း ဗြိတိန် သတင်းစာတွေကဆိုပါတယ်။ 

လီဗာပူအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်မှာ နော်ဝှချ်အသင်းကို အနိုင်ရခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးအသင်းကို ၂၅ မှတ်ဖြတ်ထားနိုင်ပါတယ်။  လီဗာပူးအသင်းဟာ ပရီးမီယားလိဂ် ပွဲစဉ် ၂၆ ပွဲမှာ ရမှတ် ၇၆ မှတ်၊ မန်စီးတီးအသင်းက ပွဲစဉ် ၂၅ ပွဲမှာ ၅၁ မှတ်၊ လက်စတာအသင်းက ပွဲစဉ် ၂၆ ပွဲမှာ ရမှတ် ၅၀ မှတ်ရရှိထားပါတယ်။ 

မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ် ၁၃ ပွဲ လုံးအနိုင်ရခဲ့ပါက ရမှတ်အများဆုံး ၉၀မှတ်၊ လက်စတာအသင်းက လက်ကျန်ပွဲစဉ် ၁၂ ပွဲ လုံးအနိုင်ရပါက ရမှတ် ၈၆ မှတ်သာအများဆုံး ရယူနိုင်ဖွယ်ရှိပါတယ်။ လီဗာပူးအသင်း ဟာ လက်ကျန်ပွဲစဉ် ၁၂ ပွဲ ကျန်ရှိထားပြီး အဲဒီပွဲစဉ်အားလုံးအနိုင်ရခဲ့ပါက ရမှတ်အများဆုံး ၁၁၂ မှတ် ရယူနိုင်မှာဖြစ်ပါတယ်။  


လကကြနွြ ၁၂ ပှဲမှာ ငါးပှဲနိုငရြုံနဲ့ ပရီးမီယားလိဂခြနွပြီယံ ဖှဈမယ့ြ လီဗာပူး

လီဗာပူးအသင်းအနေနဲ့ လက်ကျန် ၁၂ ပွဲမှာ ငါးပွဲနိုင်ရုံနဲ့ ပရီးမီယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တော့ မှာဖြစ်ကြောင်း ဗြိတိန် သတင်းစာတွေကဆိုပါတယ်။

လီဗာပူအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်မှာ နော်ဝှချ်အသင်းကို အနိုင်ရခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးအသင်းကို ၂၅ မှတ်ဖြတ်ထားနိုင်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီယားလိဂ် ပွဲစဉ် ၂၆ ပွဲမှာ ရမှတ် ၇၆ မှတ်၊ မန်စီးတီးအသင်းက ပွဲစဉ် ၂၅ ပွဲမှာ ၅၁ မှတ်၊ လက်စတာအသင်းက ပွဲစဉ် ၂၆ ပွဲမှာ ရမှတ် ၅၀ မှတ်ရရှိထားပါတယ်။

မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ် ၁၃ ပွဲ လုံးအနိုင်ရခဲ့ပါက ရမှတ်အများဆုံး ၉ဝမှတ်၊ လက်စတာအသင်းက လက်ကျန်ပွဲစဉ် ၁၂ ပွဲ လုံးအနိုင်ရပါက ရမှတ် ၈၆ မှတ်သာအများဆုံး ရယူနိုင်ဖွယ်ရှိပါတယ်။ လီဗာပူးအသင်း ဟာ လက်ကျန်ပွဲစဉ် ၁၂ ပွဲ ကျန်ရှိထားပြီး အဲဒီပွဲစဉ်အားလုံးအနိုင်ရခဲ့ပါက ရမှတ်အများဆုံး ၁၁၂ မှတ် ရယူနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ လီဗာပူးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီး အသင်း အမှတ်အများဆုံး ရယူနိုင်တာထက်ပိုပြီး ရရှိခဲ့ပါက ချန်ပီယံဆုရယူနိုင်မှာဖြစ်ပါတယ်။ လီဗာပူးအသင်း ဟာ ရမှတ် စုစုပေါင်း ၉၁ မှတ် ရယူနိုင်ရုံနဲ့ ချန်ပီယံဆု ရယူနိုင်မှာဖြစ်ရာ လက်ကျန် ၁၂ ပွဲမှာ ငါးပွဲ ဆက်တိုက် နိုင်ရုံ နဲ့ ပရီးမီယားလိဂ်ချန်ပီယံဆု ရယူနိုင်မှာလည်းဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)