ထိုင်းအစိုးရ  ကဆန္ဒပြသူ  ၅၀ကို စွဲချက်တင်

0
938



ထိုင်းရှေ့နေများ အစည်းအရုံးက  တက်ကြွလှုပ်ရှားမှုကို ဦးဆောင်သူ ၇ ဦးးကို  လှုံဆော်မှုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး အခြား ၄၃ ဦးကို  နိုင်ငံရေး ဆန္ဒပြပွဲအတွက်ပိတ်ပင်ထားတဲ့ ဥပဒေကိုချိုးဖောက်လို့ စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းအစိုးရ  ကဆန္ဒပြသူ  ၅၀ကို စွဲချင်တင်

ထိုင်းအစိုးရ ဟာ    တက်ကြွလှုပ်ရှားသူ ၅၀ ဦးကိုစွဲချက်တင်လိုက်တယ်လို့ ထိုင်းရှေ့နေများအဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေက ထိုင်းနိုင်ငံမှာ အရပ်သား အစိုးရ ဖြစ်အောင်ရွေးကောက်ပွဲကျင်းပရေး နဲ့  စစ်အစိုးရ အာဏာစွန့်လွတ်ရေးအတွက်  ဆန္ဒပြမှုတွေဖြစ်ခဲ့ချိန်မှာ ပါဝင်ခဲ့သူတွေကို ထိုင်း အာဏာပိုင်တွေက   ရာဇာဝတ်မှုနဲ့ဖမ်းဆီးစွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းရှေ့နေများ အစည်းအရုံးက  တက်ကြွလှုပ်ရှားမှုကို ဦးဆောင်သူ ၇ ဦးကို  လှုံဆော်မှုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး အခြား ၄၃ ဦးကို  နိုင်ငံရေး ဆန္ဒပြပွဲအတွက်ပိတ်ပင်ထားတဲ့ ဥပဒေကိုချိုးဖောက်လို့ စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထိုင်းနိုင်ငံမှာ အစိုးရ အာဏစွန့်လွတ်ရေးအတွက် ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၄၀ဝ ပါဝင်ဆန္ဒပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)