
0
926





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ ဘဏ်ခွဲတစ်ခုမှာ ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံ ကိစ္စ စစ်ဆေးနေ

အိန္ဒိယအစိုးရပိုင် အကြီးဆုံးဘဏ်ကြီးရဲ့ ဘဏ်ခွဲလေးတစ်ခုမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၇ သန်း ထည့်ထားမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။

မွမ်ဘိုင်းမှာရှိတဲ့ ဘဏ်ခွဲတစ်ခုမှာ တရားမဝင် ငွေလွှဲပြောင်းမှုတွေ၊ အကောင်းတုနဲ့ ငွေထည့်ထားမှု လုပ်ထားတာ တွေ့တယ်လို့ ပန်ဂျပ် နိုင်ငံတော် ဘဏ် (PNB) က ပြောပါတယ်။ စုံစမ်းစစ်ဆေးရေးသမားတွေက ရတနာရောင်းဝယ်တဲ့ သူဌေးနှစ်ဦးကို မေးမြန်ဖို့ ဆင့်ခေါ်ထားပါတယ်။

နီရာ မိုဒီနဲ့ သူ့စီးပွားရေး လုပ်ဖော်ကိုင်ဖက် မဟူ ချောက်စကီတို့ရဲ့ အိမ်တွေကို အာဏာပိုင်တွေက စီးနင်းရာမှာ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ဖိုးရှိ ရတနာတွေနဲ့ ရွှေတွေ သိမ်းဆည်းရမိခဲ့ပြီးနောက် အခုလို စစ်ဆေးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ စီးပွားရေးသမား နှစ်ယောက်ကတော့ ဇန်နဝါရီ အစောပိုင်းကပဲ အိန္ဒိယက ထွက်ခွာသွားပြီလို့ ယူဆထားပါတယ်။ သူတို့ကို တစ်ပတ်အတွင်း ရုံးတော်ကို လာဖို့ ဆင့်ခေါ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)