
0
877




>>>>>>>>>>>>>>>>>>>>>>>>>>>

အနာဂတ် အမေရိကန် ရွေးကောက်ပွဲမှာ စွက်ဖက်လို့ မရအောင် တားဆီးရေး ဖေ့စ်ဘုတ် ဖိအားပေးခံရ

လူမှုမီဒီယာ ကုမ္ပဏီတွေ၊ အထူးသဖြင့် ဖေ့စ်ဘုတ်နဲ့ တွစ်တာတို့ဟာ အနာဂတ် အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်မယ့်သူတွေ အခွင့်မရအောင် တားဆီးပေးရေး လုပ်ဆောင်ပေးဖို့ ဖိအားပေးခံနေရပါတယ်။

အမေရိကန် အထူး အကြံပေး ရောဘတ် မယ်လာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်တို့က တစ်ဆင့် ကြားဝင်စွက်ဖက်မှုနဲ့ ရုရှားနိုင်ငံသား ၁၃ ဦးကို မနေ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ စွဲချက်တင်ထားပါတယ်။

၂၀၁၈ နှစ်လည် ရွေးကောက်ပွဲမှာ ရုရှားဟာ လူမှုကွန်ရက် မီဒီယာတွေကို သုံးပြီး ဝါဒဖြန့်ကာ ကြားဝင် စွက်ဖက်လိမ့်ဦးမယ်လို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)