သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အႀကီးအကဲရဲ႕ ၆ လစာ ခရီးစရိတ္ ေဒၚလာ ၂ သိန္း ရွိေန

0
901

အေမရိကန္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ေအဂ်င္စီ (EPA) အႀကီးအကဲ စေကာက္ ပရြတ္နဲ႔ ဝန္ထမ္းေတြ ခရီးသြားစရိတ္ဟာ မႏွစ္က ၆ လအတြင္းမွာ အေမရိကန္ေဒၚလာ ၂ သိန္းအထိ ရွိေနပါတယ္။

ေငြအသံုးအျဖဳန္းမ်ားလို႔ အာ႐ံုစိုက္ခံရတဲ့ သမၼတ ထရမ့္ရဲ႕ အရာရွိေတြထဲအနက္ ခရီးသြားရင္ ပထမတန္းစားေတြသာ သံုးတဲ့ ပရြတ္လည္း တစ္ဦးအပါအဝင္ ျဖစ္ပါတယ္။ ခရီးသြားရင္ ပထမတန္းစားနဲ႔ ၂၄ နာရီ လံုၿခံဳေရး လိုတယ္လို႔ ၿပီးခဲ့တဲ့ရက္မွာ ပရြတ္က ေျပာခဲ့ပါတယ္။

သဘာဝပတ္ဝန္းက်င္ ေပါင္းစည္းေရးအဖြဲ႔က ပရြတ္နဲ႔ ဝန္ထမ္း ၁၄ ဦးရဲ႕ မတ္လနဲ႔ ၾသဂုတ္လအတြင္း ခရီးသြားေဘာက္ခ်ာေတြကို လြတ္လပ္စြာ ေတာင္းဆိုခြင့္အရ ရယူၿပီး တြက္ခ်က္ ေဖာ္ျပလိုက္တာ ျဖစ္ပါတယ္။ အရင္ကာလက သြားထားတဲ့ ေဘာက္ဂ်ာေတြကေတာ့ မရရွိလို႔ မတြက္ခ်က္ႏိုင္ခဲ့ပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြီးအကဲရဲ့ ၆ လစာ ခရီးစရိတ် ဒေါ်လာ ၂ သိန်း ရှိနေ

အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (EPA) အကြီးအကဲ စကောက် ပရွတ်နဲ့ ဝန်ထမ်းတွေ ခရီးသွားစရိတ်ဟာ မနှစ်က ၆ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၂ သိန်းအထိ ရှိနေပါတယ်။

ငွေအသုံးအဖြုန်းများလို့ အာရုံစိုက်ခံရတဲ့ သမ္မတ ထရမ့်ရဲ့ အရာရှိတွေထဲအနက် ခရီးသွားရင် ပထမတန်းစားတွေသာ သုံးတဲ့ ပရွတ်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ခရီးသွားရင် ပထမတန်းစားနဲ့ ၂၄ နာရီ လုံခြုံရေး လိုတယ်လို့ ပြီးခဲ့တဲ့ရက်မှာ ပရွတ်က ပြောခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ပေါင်းစည်းရေးအဖွဲ့က ပရွတ်နဲ့ ဝန်ထမ်း ၁၄ ဦးရဲ့ မတ်လနဲ့ သြဂုတ်လအတွင်း ခရီးသွားဘောက်ချာတွေကို လွတ်လပ်စွာ တောင်းဆိုခွင့်အရ ရယူပြီး တွက်ချက် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အရင်ကာလက သွားထားတဲ့ ဘောက်ဂျာတွေကတော့ မရရှိလို့ မတွက်ချက်နိုင်ခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)