
0
890




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၄ ပေါင်နီးပါး အလေးချိန်ရှိတဲ့ကလေးကို မွေးတာနဲ့ ၆ လအရွယ် ဝတ်စုံကို ဝတ်ပေးရ

တေအူဆိုသူ အမျိုးသမီး မွေးလိုက်တဲ့ ကလေးဟာ ၁၃ ပေါင် ၁၄ အောင်စ အလေးချိန်ရှိပြီး မွေးတဲ့နေ့မှာပဲ ၆ လသားအရွယ် ကလေးဝတ်စုံနဲ့မှ ဝတ်ပေးလို့ ရပါတယ်။

ကလေးကို မာအိုအာမာ အလာလို့ အမည်ပေးထားပြီး သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ရှိ ဆန်းရှိုင်း ဆေးရုံမှာ မွေးသမျှထဲ အလေးချိန် အများဆုံး၊ အထွားဆုံး ကလေးဖြစ်ပါတယ်။ မိခင် တေအူက ကလေးက ထွားမယ်ဆိုတာ သိပေမယ့် ဒီလောက်ကြီးလိမ့်မယ် မထင်ဘူးလို့ ပြောပါတယ်။ အဓိကက ထွားတဲ့ကိစ္စ မဟုတ်ပါဘူး၊ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် မွေးလာတာသာ အဓိကပါလို့လည်း သူက ပြောပါတယ်။

သာမန်ကလေးထက် ၂ ဆလောက် ထွားနေတဲ့အတွက် ခန့်မှန်းရက်ထက် ၂ ပတ်စောပြီး ခွဲမွေးလိုက်ရတာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ စံချိန်တင်ပါပဲလို့ ဒေါက်တာ လော်ရင်း ဒီ လူကာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)