ဖေလာ္ရီဒါ ပစ္ခတ္မႈ FBI အႀကီးအကဲ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆို

0
909

ေက်ာင္းသား ေက်ာင္းသူနဲ႔ ဆရာ ၁၇ ဦး ေသဆံုးတဲ့ ဖေလာ္ရီဒါ စာသင္ေက်ာင္း ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ ႀကိဳတင္သတိေပးေပမယ့္ စံုစမ္းစစ္ေဆးျခင္း မရွိတဲ့အတြက္ FBI ညႊန္ၾကားေရးမႉးကို ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေက်ာင္းသားေဟာင္း ေသနတ္သမား နီကိုလပ္စ္ ခ႐ုဇ္ စာသင္ေက်ာင္းထဲ ဝင္ေရာက္ မပစ္ခတ္ခင္ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၅ ရက္ေန႔ကတည္းက ခ႐ုဇ္နဲ႔ နီးစပ္သူတစ္ဦးက FBI ကို ဖုန္းေခၚၿပီး စံုစမ္းစစ္ေဆးဖို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

ဖုန္းဆက္သတင္းေပးသူက ခ႐ုဇ္မွာ ေသနတ္ရွိေနေၾကာင္း၊ လူသတ္ဖို႔လည္း ဆႏၵရွိေနေၾကာင္း၊ အျပဳအမူေတြ မူမမွန္ေၾကာင္းနဲ႔ သူ႔ပစ္မွတ္က စာသင္ေက်ာင္း ျဖစ္ႏိုင္ေၾကာင္း ေျပာခဲ့တယ္လို႔ FBI က ဝန္ခံပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖလော်ရီဒါ ပစ်ခတ်မှု FBI အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆို

ကျောင်းသား ကျောင်းသူနဲ့ ဆရာ ၁၇ ဦး သေဆုံးတဲ့ ဖလော်ရီဒါ စာသင်ကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကြိုတင်သတိပေးပေမယ့် စုံစမ်းစစ်ဆေးခြင်း မရှိတဲ့အတွက် FBI ညွှန်ကြားရေးမှူးကို နုတ်ထွက်ပေးဖို့ တောင်းဆိုမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ကျောင်းသားဟောင်း သေနတ်သမား နီကိုလပ်စ် ခရုဇ် စာသင်ကျောင်းထဲ ဝင်ရောက် မပစ်ခတ်ခင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကတည်းက ခရုဇ်နဲ့ နီးစပ်သူတစ်ဦးက FBI ကို ဖုန်းခေါ်ပြီး စုံစမ်းစစ်ဆေးဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဖုန်းဆက်သတင်းပေးသူက ခရုဇ်မှာ သေနတ်ရှိနေကြောင်း၊ လူသတ်ဖို့လည်း ဆန္ဒရှိနေကြောင်း၊ အပြုအမူတွေ မူမမှန်ကြောင်းနဲ့ သူ့ပစ်မှတ်က စာသင်ကျောင်း ဖြစ်နိုင်ကြောင်း ပြောခဲ့တယ်လို့ FBI က ဝန်ခံပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)