
0
889




>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့် ပလေးဘွိုင်း မော်ဒယ်နဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်လို့ စွပ်စွဲခံရ

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပလေးဘွိုင်း မော်ဒယ် ကာရင် မက်ခ်ဒေါ်ဂယ်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ဖူးတယ်လို့ နယူးယော်ကာက ထုတ်ဖော် ရေးသားလိုက်ပါတယ်။

ဇာတ်လမ်းဖြစ်ခဲ့တဲ့ ၂၀ဝ၆ ခုနှစ်တုန်းက လက်ရှိ ဇနီး မယ်လန်နီယာနဲ့ လက်ထပ်ထားပြီး ဖြစ်ပြီး သားငယ် ဘာရွန်ကို ရပြီးတဲ့အချိန် ဖြစ်ပါတယ်။ အိမ်ဖြူတော်က ဒီသတင်းက အတုအယောင်သာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

နှစ်လအတွင်းမှာ အခုလို စွပ်စွဲခံရတာ သမ္မတ ထရမ့်အဖို့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဝေါလ်စထရိ ဂျာနယ်က သမ္မတ ထရမ့်ဟာ အပြာမင်းသမီး စတက်ဖနီ ကလစ်ဖို့ဒ်နဲ့ ဇာတ်လမ်းရှုပ်ခဲ့ဖူးတယ်လို့ ထုတ်ဖော် ရေးသားခဲ့ပါသေးတယ်။ ထရမ့်ရဲ့ ရှေ့နေက စတက်ဖနီကို နှုတ်ပိတ်ခအဖြစ် ပိုက်ဆံပေးခဲ့ရပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)