
0
278




>>>>>>>>>>>>>>>>>>>>>>>>

အကူအညီပေးရေး အဖွဲ့တွေ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေကို ဖုံးကွယ်ထားကြောင်း ဟေတီ သမ္မတ ပြော
ဗြိတိသျှ အကူအညီပေးရေးအဖွဲ့ အောက်စ်ဖမ်း (Oxfam) ဝန်ထမ်းတွေ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတဲ့ ကိစ္စဆိုတာ တကယ်ဖြစ်နေတာတွေရဲ့ အဖျားအနားလောက်ပဲရှိပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကိုလည်း စုံစမ်းစစ်ဆေးဖို့ ဟေတီ သမ္မတက တောင်းဆိုလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ် ထိခိုက်ပျက်စီးမှုများတဲ့ ဟေတီငလျင်အပြီး ရောက်လာတဲ့ အကူအညီပေးရေး အဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေဟာ အောက်စ်ဖမ်းလိုပဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေရှိပြီး သူတို့အချင်းချင်း ဖုံးကွယ်ထားကြတယ်လို့ ဟေတီ သမ္မတက ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်တဲ့ အောက်စ်ဖမ်းက ပြည့်တန်ဆာတွေနဲ့ ဆက်ဆံဖို့ အခကြေးငွေကို ဝန်ထမ်းတွေအတွက် ပေးတယ်ဆိုတဲ့ သတင်းဟာ ဂယက်ရိုက်ခဲ့ပြီး ဗြိတိန်နဲ့ ဥရောပ သမဂ္ဂက အောက်စ်ဖမ်း ရန်ပုံငွေတွေကို ပြန်လည် သုံးသပ်နေပါတယ်။ အောက်စ်ဖမ်းကတော့ စွပ်စွဲချက်တွေကို အတည်လည်း မပြု၊ ငြင်းလည်း မငြင်းဆိုပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)