
0
362





>>>>>>>>>>>>>>>>>>>>>>>>>>

နားရွက် လေးခု၊ မျက်လုံး တစ်လုံးနဲ့ကြောင်ကို ကယ်ဆယ်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အနောက်တောင်ဘက် ဂီလွန်ရှိ အိမ်တစ်အိမ်ရဲ့ အောက်မှာ ၁၀ ပတ်သားအရွယ် နားရွက် လေးခုနဲ့ မျက်လုံးတစ်ဖက်ပဲ အကောင်းကျန်တော့တဲ့ ကြောင်တစ်ကောင်ကို ကယ်ဆယ်ခဲ့ရပါတယ်။

ကြောင်ကို ကယ်ဆယ်ပြီး ဂီလွန် တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့ ခေါ်ယူထားပြီးနောက် ဂျော်ဂျီ အန်ဒါဆန် ဆိုသူက မွေးမြူဖို့ တာဝန်ယူလိုက်ပါတယ်။ ကြောင်နာမည်ကို ‘ဖရန်ကင်ကစ်တင်း’ လို့ အမည်ပေးထားပါတယ်။

ကြောင်လေးက မျက်လုံးတစ်ဖက် ပျက်နေလို့ ဖယ်စိတ်ပြီး ခွဲစိတ်ခဲ့ရပါတယ်၊ အခုအခြေအနေ ကောင်းပါတယ်လို့ မစ္စက် အန်ဒါဆင်က ပြောပါတယ်။ ဖရန်ကင်ကစ်တင်းဟာ မစ္စက် အန်ဒါဆင်ရဲ့ သားငယ် အာသာနဲ့ အဖော်ဖြစ်နေပါတယ်။

တိရစ္ဆာန် ဆေးကုဆရာဝန်တွေက သဘာဝအတိုင်း မဟုတ်ဘဲ ဘာကြောင့် နားရွက် လေးခုရှိတယ်ဆိုတာကိုတော့ အဖြေမပေးနိုင်ကြသေးပါဘူး။ ဖရန်ကင်ကစ်တင်းမှာ အင်စတာဂရမ် အကောင့်ရှိပြီး သူ့ဓာတ်ပုံတွေကို တင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)