မကၠဆီကိုမွာ ျပင္းအား ၇ ဒသမ ၂ ရွိ ငလ်င္လႈပ္

0
259

မကၠဆီကိုႏိုင္ငံ၊ မကၠဆီကိုစီးတီး ေတာင္ဘက္ရွိ ေအာက္ဇာကာျပည္နယ္မွာ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ညေနက ျပင္းအား ၇ ဒသမ ၂ ရွိ ငလ်င္ လႈပ္ခတ္သြားပါတယ္။

လူေတြ လမ္းေပၚ ေျပးထြက္လာၿပီး စုေနၾကတဲ့ပံုေတြ၊ ငလ်င္လႈပ္စဥ္ အေဆာက္အအံုေတြ လႈပ္ေနတာ ႐ိုက္ထားတဲ့ ဗီဒီယိုေတြ လူမႈကြန္ရက္ အင္တာနက္မွာ တင္ထားတာ ေတြ႔ရပါတယ္။

မကၠဆီကို သမၼတ အန္းရစ္ခ္ ပီတာ နီတိုက အမ်ိဳးသား အရပ္ဘက္ ကာကြယ္ေရးစနစ္ကို စတင္လိုက္တယ္လို႔ ေၾကညာပါတယ္။ အထိအခိုက္ အပ်က္အစီး ပမာဏကိုေတာ့ မကၠဆီကို အစိုးရက မထုတ္ျပန္ေသးပါဘူး။

အိမ္ျပန္ေရာက္ရင္ အပ်က္အစီးျဖစ္ေနတဲ့ ေနရာေတြကို စစ္ေဆးဖို႔၊ ဂတ္စ္လိုင္းေတြကို ပိတ္ထားဖို႔၊ လွ်ပ္စစ္စြမ္းအင္ ရတဲ့ေနရာေတြနဲ႔ အဆက္အသြယ္ ျဖတ္ထားဖို႔ မကၠဆီကို စီးတီး အုပ္ခ်ဳပ္ေရးအဖြဲ႔က ႏိႈးေဆာ္ထားပါတယ္။

မႏွစ္တုန္းက စက္တင္ဘာမွာ မကၠဆီကို အလယ္ပိုင္း ငလ်င္ေၾကာင့္ ေက်ာင္းသားေက်ာင္းသူေတြ အပါအဝင္ လူ ၃၀၀ ေသဆံုးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကိုမှာ ပြင်းအား ၇ ဒသမ ၂ ရှိ ငလျင်လှုပ်

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီး တောင်ဘက်ရှိ အောက်ဇာကာပြည်နယ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညနေက ပြင်းအား ၇ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်သွားပါတယ်။

လူတွေ လမ်းပေါ် ပြေးထွက်လာပြီး စုနေကြတဲ့ပုံတွေ၊ ငလျင်လှုပ်စဉ် အဆောက်အအုံတွေ လှုပ်နေတာ ရိုက်ထားတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက် အင်တာနက်မှာ တင်ထားတာ တွေ့ရပါတယ်။

မက္ကဆီကို သမ္မတ အန်းရစ်ခ် ပီတာ နီတိုက အမျိုးသား အရပ်ဘက် ကာကွယ်ရေးစနစ်ကို စတင်လိုက်တယ်လို့ ကြေညာပါတယ်။ အထိအခိုက် အပျက်အစီး ပမာဏကိုတော့ မက္ကဆီကို အစိုးရက မထုတ်ပြန်သေးပါဘူး။

အိမ်ပြန်ရောက်ရင် အပျက်အစီးဖြစ်နေတဲ့ နေရာတွေကို စစ်ဆေးဖို့၊ ဂတ်စ်လိုင်းတွေကို ပိတ်ထားဖို့၊ လျှပ်စစ်စွမ်းအင် ရတဲ့နေရာတွေနဲ့ အဆက်အသွယ် ဖြတ်ထားဖို့ မက္ကဆီကို စီးတီး အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။

မနှစ်တုန်းက စက်တင်ဘာမှာ မက္ကဆီကို အလယ်ပိုင်း ငလျင်ကြောင့် ကျောင်းသားကျောင်းသူတွေ အပါအဝင် လူ ၃၀ဝ သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)